ဘယ်လိုသီးခံမှသာ အောက်သက်သက်မဖြစ်နိုင်သလဲ?တဲ့...
"သီလ"နဲ့ပြည့်စုံတဲ့ ဖြောင့်မတ်တဲ့"သမာဓိ"ရှိသူမှသာ "ပညာ"ဖြင့်ဆင်ခြင်သုံးသပ်နိုင်ခြင်းကြောင့် အောက်သက်သက်မဖြစ်ဘဲ ကျေကျေနပ်နပ် ခွင့်လွှတ်သီးခံနိုင်မှာဖြစ်ပါတယ်။
ဥပမာ...
အသံကြားရင် ကြားတဲ့အသံကို ဖြစ်ပျက်ရှုခြင်းဖြင့် ဣန္ဒြေစောင့်စည်းနိုင်တာက.#သီလ။
မတုံမလှုပ်တည်တည်ကြည်ကြည်နေနိုင်တာက.#သမာဓိ။
ကြားတဲ့အသံ ရှိမရှိ အကဲခတ်တာနဲ့ မရှိတော့ဘူးဟု သိတာက.#ပညာ။
အကယ်၍ အသံကို ဖြစ်ပျက်ရှုဖို့ မမီလိုက်သော် #မကောင်းတဲ့စကားဘဲဟုသိတဲ့စိတ်.ကို ဖြစ်ပျက်ရှုခြင်းဖြင့် ဣ‌န္ဒြေစောင့်စည်းနိုင်တာက.#သီလ။
မတုံမလှုပ်တည်တည်ကြည်ကြည်နေနိုင်တာက.#သမာဓိ။
မကောင်းတဲ့စကားဟု သိစိတ် ရှိမရှိ အကဲခတ်တာနဲ့ မရှိတော့ဘူးဟု သိတာက.#ပညာ။
အကယ်၍ မကောင်းတဲ့စကားဟု သိစိတ်ကို ဖြစ်ပျက်ရှုဖို့ မမီလိုက်သော် မကောင်းတဲ့စကားကြောင့် ဖြစ်လာတဲ့ #ဒေါသစိတ်.ကို ဖြစ်ပျက်ရှုခြင်းဖြင့် နောက်ထပ် ဒေါသမဖြစ်အောင် ဣ‌န္ဒြေစောင့်စည်းတာက.#သီလ။
မတုံမလှုပ်တည်တည်ကြည်ကြည်နေနိုင်တာက.#သမာဓိ။
ဒေါသစိတ် ရှိမရှိ အကဲခတ်တာနဲ့ မရှိတော့ဘူးဟု သိတာက.#ပညာ။
အကယ်၍ ဒေါသစိတ်ကို ဖြစ်ပျက်ရှုပါသော်လည်းဆက်လက်ဒေါသ ဖြစ်သေးတယ်ဆိုရင် #ဒေါသဆက်ဖြစ်သေးတယ်လို့သိစိတ်.ကို ဖြစ်ပျက်ရှုခြင်းဖြင့် နောက်ထပ် ဒေါသမဖြစ်အောင် ဣ‌န္ဒြေစောင့်စည်းတာက.#သီလ။
မတုံမလှုပ်တည်တည်ကြည်ကြည်နေနိုင်တာက.#သမာဓိ။
ဒေါသဆက်ဖြစ်သေးတယ်လို့သိစိတ် ရှိမရှိ အကဲခတ်တာနဲ့ မရှိတော့ဘူးဟု သိတာက.#ပညာ။
"ဗုဒ္ဓံ ဓမ္မံ သံဃံပူဇေမိ"

image