10 w - Translate

MacBook Air ထက် ပိုပေါ့ပါး၊ ပိုမိုက်တဲ့ ASUS Zenbook A14
.
Laptop တစ်လုံးကို အမြဲတမ်းအပြင်ကို ယူသွားပြီး အလုပ်လုပ်နေရတယ်ဆိုရင် Battery ခံဖို့အပြင် သယ်ရလွယ်ကူပေါ့ပါးဖို့ကလည်း အရေးကြီးတဲ့အချက်ပါ။ အခုဆိုရင် ASUS ကနေ မြန်မာနိုင်ငံစျေးကွက်အတွင်းကို ကမ္ဘာပေါ်မှာ အပေါ့ပါးဆုံး Laptop တစ်လုံးလို့ ဆိုနိုင်တဲ့ Zenbook A14 ကို တရားဝင်မိတ်ဆက်ရောင်းချနေပြီဖြစ်ပါတယ်။
ASUS Zenbook A14 Laptop က စမိတ်ဆက်ထဲက စိတ်ဝင်စားမိတဲ့ Laptop လည်းဖြစ်ပြီး ASUS ဘက်က Ligher than Air | Lightest Copilot+ PC ဆိုပြီး ပြောထားတယ်။ ပြောတဲ့အတိုင်းလည်း Zenbook A14 Laptop က လက်ရှိစျေးကွက်ထဲမှာ Thin & Light Laptop လို့ဆိုလိုက်ရင် လူတိုင်းသိကြတဲ့ MacBook Air ထက် ပိုပေါ့ပါးတဲ့အပြင် Copilot+ PC လည်းဖြစ်တော့ စွမ်းဆောင်ရည်ပိုင်းရော AI ပိုင်းတွေပါ Performance ကောင်းတဲ့ Laptop လို့ ပြောလို့ရတယ်။
ဆိုတော့ ASUS Zenbook A14 Laptop က ဘယ်နေရာမှာထူးခြားနေသလဲဆိုရင် အလေးချိန်က 1Kg အောက်ပဲရှိမယ်၊ 980g ပဲ လေးတဲ့အတွက် ကိုင်ထားတဲ့အချိန်မှာ တခြားဘယ် Laptop နဲ့မှ မတူအောင် ပေါ့ပါးနေမှာပါ။ ဒါက MacBook Air လိုမျိုးနဲ့ ယှဥ်ရင်တောင် 300g ဝန်းကျင် ပိုပြီးပေါ့ပါးနေမှာဖြစ်လို့ လက်ရှိစျေးကွက်ထဲမှာ ဝယ်နိုင်တဲ့ Laptop တွေထဲမှာ အပေါ့ပါးဆုံးဖြစ်နေပါပြီ။
အခုလိုအရမ်းပေါ့ပါးနေအောင် ASUS ကနေ Zenbook A14 ရဲ့ Display Lid အပြင် Keyboard Frame ၊ Bottom Case စတဲ့ Chassis တစ်ခုလုံးကို Ceraluminum ဖြင့် ပြုလုပ်ထားတာဖြစ်ပါတယ်။ အရှေ့မှာ ASUS Zenbook တွေရဲ့ Display Lid ကိုပဲ Ceraluminum အသုံးပြုခဲ့ပေမယ့် အခု Zenbook A14 က ပထမဆုံးအနေနဲ့ ကိုယ်ထည်တစ်ခုလုံးကို Ceraluminum အသုံးပြုလိုက်တာဖြစ်ပါတယ်။ ဒီလို Ceraluminum ကို သုံးလိုက်တဲ့အတွက် ပိုမိုအကြမ်းခံစေတဲ့အပြင် ထိခိုက်မှု၊ အပွန်းအစင်းဒါဏ်တွေကိုပါ ပိုကာကွယ်ပေးနိုင်မှာပါ။
Performance ပိုင်းမှာလည်း ASUS Zenbook A14 Laptop ဟာ Qualcomm Snapdragon X Processor ကို အသုံးပြုထားပြီး RAM 16GB | 512GB SSD တွေထည့်သွင်းပေးထားပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် Performance ကောင်းကောင်းအသုံးပြုနိုင်အောင် 45W TDP အထိ ထောက်ပံ့ပေးထားသလို Cooling ပိုင်းအတွက်လည်း ပေါ့ပါးတဲ့ Dual Fans Cooling စနစ်ကို တပ်ဆင်ပေးထားပါတယ်။
Snapdragon X Processor ဖြစ်တဲ့အတွက် AI NPU ပိုင်းမှာ 45 TOPS အထိစွမ်းဆောင်နိုင်တဲ့ NPU လည်းပါဝင်လာမှာဖြစ်ပြီး Copilot+ PC ဖြစ်တာကြောင့် Windows Recall | Click to Do လိုမျိုး နောက်ဆုံးထွက် AI Feature တွေအကုန်လုံးကို အမြဲ Up to Date အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။
ကျန်တဲ့ Display ပိုင်းမှာလည်း 14” Full HD 60Hz OLED Display ကို အသုံးပြုထားပြီး Screen-to-Body Ratio 90% အထိရှိတဲ့ Four-sided Frameless NanoEdge Display အမျိုးအစားဖြစ်တာကြောင့် ဘေးဘောင်တွေက လုံးဝပါးလွှာပြီး Immersive ဖြစ်တဲ့ Viewing Experience ကို ရရှိစေမှာပါ။ ASUS ထုံးစံအတိုင်း Lumina OLED နည်းပညာကြောင့် 100% DCI-P3 Color Gamut | 500nits HDR Peak Brightness အပြင် 0.2ms Response Time ပဲရှိတာကြောင့် ဘယ်လိုအသုံးပြုမှုတွေအတွက်မဆို အကောင်းဆုံးဖြစ်နေမှာဖြစ်ပါတယ်။
ASUS Zenbook A14 ဟာ အလွန်ပေါ့ပါးပေမယ့် Battery ပိုင်းကိုလည်း 70Wh Battery ကို ထည့်သွင်းပေးထားပြီး ဒါက ပါဝါစားအလွန်သက်သာတဲ့ Snapdragon X Processor | 14” FHD Display တွေနဲ့ပေါင်းစပ်လိုက်တဲ့အချိန်မှာ အချိန် ၃၂ နာရီအထိ Video Playback အနေနဲ့ ဆက်တိုက်အသုံးပြုနိုင်မှာပါ။ ဒါက တခြား Battery အားခံတယ်ဆိုပြီး နာမည်ရပြီးသား MacBook Air လိုမျိုး Laptop တွေကိုတောင် နောက်ကောက်ချထားနိုင်လောက်တဲ့အထိ Battery အားအသုံးခံနိုင်မှုပိုင်းမှာ ပိုအားသာနေပါပြီ။
ကျန်တဲ့အပိုင်းတွေမှာလည်း ASUS Zenbook A14 Laptop ဟာ Connectivity ပိုင်းမှာ Wi-Fi 6E ကိုထောက်ပံ့ပေးထားနိုင်သလို Port တွေအနေနဲ့လည်း USB-C Port ၂ ခု၊ HDMI ၊ USB-A ၊ 3.5mm Audio စတဲ့ Port အကုန်လုံးကို ထည့်သွင်းပေးထားပါတယ်။ Security ပိုင်းအတွက် Windows Hello IR Face Unlock စနစ်၊ Dolby Atmos Audio Speaker နဲ့ TouchPad မှာလည်း စိတ်ကြိုက် Function တွေခိုင်းစေနိုင်မယ့် Smart Gesture တွေပါဝင်ဦးမှာဖြစ်ပါတယ်။
အခုလို MacBook Air လိုမျိုး Laptop ထက်တောင် ပိုပေါ့ပါး၊ ပိုပြီး Battery ကြာရှည်ခံတဲ့အပြင် စွမ်းဆောင်ရည်ပိုင်းမှာပါ ကောင်းကောင်းယှဥ်ပြိုင်နိုင်တဲ့ ASUS Zenbook A14 Laptop ဟာ စျေးနှုန်းအနေနဲ့ $1,199 ဖြင့် မြန်မာနိုင်ငံစျေးကွက်မှာ စတင်ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။
ASUS ဘက်ကနေ အခုလို Zenbook A14 Laptop အပြင် မနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ အမိုက်စား Dual Screen Laptop ဖြစ်တဲ့ Zenbook DUO ကိုလည်း 2025 Model အနေနဲ့ Update ပြုလုပ်ပြီး မိတ်ဆက်ထားပါသေးတယ်။ Zenbook DUO 2025 ဟာဆိုရင် ဒီဇိုင်းပိုင်း၊ Hardware ပိုင်းမှာ ပြောင်းလဲမှုမရှိပေမယ့် Processor ပိုင်းမှာ Intel Core Ultra Series 2 Processor ဖြင့် Upgrade ပြုလုပ်ထားမှာဖြစ်ပါတယ်။ ASUS Zenbook DUO Laptop အကြောင်း အသေးစိတ်ကိုတော့ Review Video အနေနဲ့ အောက်ကlinkမှာ ကြည့်ရှုနိုင်ပါတယ်။
ASUS Zenbook A14 အကြောင်းအသေးစိတ် : https://bit.ly/ZenA14
ASUS Zenbook DUO (2025) အကြောင်းအသေးစိတ် : https://bit.ly/ZenDUO2025

image