မြေငလျင်သတင်းအချက်အလက်
◼မန္တလေးတိုင်း၊မတ္တရာမြို့၌ ၃ ဒသမ ၄ အဆင့် ငလျင်လှုပ်ခတ်
မန္တလေးတိုင်း၊မတ္တရာမြို့၌ ယနေ့ (မေလ ၂ ရက်)နံနက်ပိုင်းတွင် အင်အားရစ်ခ်တာစကေး ၃ ဒသမ ၄ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ငလျင်မှာ ယနေ့ နံနက် ၈ နာရီ ၊၂၂ မိနစ်၊၅၆ စက္ကန့်တွင် မန္တလေးတိုင်း၊မတ္တရာမြို့၏ အရှေ့တောင်ဘက် (၁၃) မိုင်ခန့် အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ် ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်အပါအဝင် ယနေ့ နံနက်ပိုင်းအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု စုစုပေါင်း အကြိမ် ၁၆၀ ရှိပြီဖြစ်သည်။
နစက၏ ဧပြီ ၃၀ ရက်အထိ နောက်ဆုံးရရှိထားသည့်စာရင်းများအရ ငလျင်ဒဏ်သင့် တိုင်းနှင့်ပြည်နယ် ခြောက်ခုတွင် သေဆုံးသူ ၃၇၉၉ ဦး၊ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၅ ဦး နှင့် ပျောက်ဆုံးသူ ၁၀၆ ဦး ရှိကြောင်းသိရသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ-MFSD
