ဝက်သားဘဲဥချဉ်ငံစပ်😋😋
ဝိတ်ချမယ့်သူတွေအတွက်😁
ဘဲဥကို ဆားထည့်ပြီ ပြုတ်ပါ
ရရင် ရေအေးစိမ် အခွံခွာပြီး ထက်ခြမ်းပိုင်းထားပါ။ ဝက်သားကိုနုတ်နုတ်စင်းပြီး ဆားအချိုမှုန့် နယ်ပြီး မီးအေးအေးနဲ့ လှော်ထားပါ။
ကျက်တဲ့အထိ
အရည်တွေကုန်တဲ့အထိလှော်ပေးရမယ်နော်
အချဉ်ရည်အတွက်
သံပုရာရည် ငံပြာရည် ကြာညှို့သကြား အချိုမှုန့် လှီးထားသော ကြက်သွန်ဖြူ နံနံပင် ရှမ်းနံနံ ငရုပ်သီး
ထက်ခြမ်းထားတဲ့ ဘဲဥအပေါ်မှ အချဉ်ရည်ဆမ်း ဝက်သားလှော်ထားတာထည့် အချဉ်ရည်ထပ်ဆမ်းပြီရင် 😁စားလို့ရပါပြီရှင့်ဆီနဲနဲမှမပါဘူးနော် အရသာကတော့ရှယ်ပဲ

image