လူဟာ မပြောင်းလဲတာ ကြာလာရင်
မပြောင်းလဲဖြစ်တော့ဘူး ။
မကြိုးစားတာ ကြာလာရင်
မကြိုးစားဖြစ်တော့ဘူး ။
မစွန့်စားတာ ကြာလာရင်
မစွန့်စားဝံ့တော့ဘူး ။
မယုံကြည်တာ ကြာလာရင်
မယုံကြည်တော့ဘူး ။
မသင်ယူတာ ကြာလာရင်
မသင်ယူဖြစ်တော့ဘူး ။
အကောင်းမမြင်တာ ကြာလာရင်
အကောင်းမြင်တော့ဘူး ။
မစုဆောင်းတာ ကြာလာရင်
မစုဆောင်းတတ်တော့ဘူး ။
ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအခြေအနေမှာ
ကြာရှည်စွာ ထားမိနေသလဲဆိုတာ
နေ့တိုင်း မေးခွန်းထုတ်ကာ
အဖြေရှာနေရမယ့် အရာတစ်ခု ဖြစ်ပါတယ် ။
တကယ်လို့ အဖြေ ရှာတွေ့ပြီဆိုရင်တော့
ဒါထက် ပိုမကြာအောင် ပြောင်းလဲဖို့ အကြံပြုပါရစေ ။
ဒါထက် ပိုမကြာသွားရင်
ဒါထက် ပိုပြောင်းလဲဖို့ ခက်သွားနိုင်လို့ပါ ။
#ကောင်းစံသာ (ရေကြည်)
#လောင်စာ
