10 w - Translate

အာရှချန်ပီယံလိဂ်မှာ ဆီမီးအဆင့်ကနေပဲ ရော်နယ်ဒိုလှည့်ပြန်ခဲ့ရပြီးနောက် မက်ဆီကလည်း ကွန်ကာကပ်ဖလားပွဲမှာ ဆီမီးအဆင့်ကနေ လှည့်ပြန်လိုက်ရပါတယ်။ ဂုတ်ကြီးနောက်ကို ဂုတ်ကြီးက အမီလိုက်သွားခဲ့တာပါ။ ဗန်ကူးဗားကို ဒီမနက် ဒုတိယအကျော့မှာလည်း ထပ်ရှုံးခဲ့ပြီး ဖလားတလုံး လက်လွှတ်လိုက်ရပါတယ်။
မက်ဆီ ပွဲချိန်ပြည့်ဝင်ကစားခဲ့ပေမယ့် ဘာမှမလုပ်ပြနိုင်ခဲ့ပါဘူး။ ဦးဆောင်ဂိုးရခဲ့ပေမယ့် ဒုတိယပိုင်းမှာ ၃ဂိုးပြန်ပေးခဲ့ရပြီး ၂ကျော့စလုံးရှုံးခဲ့တာပါ။ ပြိုင်ပွဲစုံ ၃ပွဲဆက်တိုက် အင်တာမိုင်ယာမီ ရှုံးခဲ့ပြီး အစောဆုံးရယူနိုင်မယ့် ဖလားတလုံးကို စွန့်လွှတ်လိုက်ရပါတယ်။ မက်ဆီလည်း သူ့ဆီ လူမပေးလို့ ကွင်းထဲမှာ စိတ်တွေညစ်နေခဲ့ပါတယ်။
ဂုတ်ကြီးနှစ်ပါးရဲ့ ဖြစ်စဉ်ကတော့ အံ့အားသင့်ဖွယ်တူညီနေခဲ့ပါတယ်။ ဆီမီးဖိုင်နယ်ကနေပဲ လှည့်ပြန်ခဲ့ရတယ်။ နှစ်ယောက်စလုံး‌ ခြေစွမ်းမပြနိုင်ခဲ့ဘူး။ End of Era ပါပဲ။

image