10 ပတ် - ဘာသာပြန်ပါ။

ဆိုရိုးစကားတစ်ခုရှိတယ်ဗျ။ "Ferrari ကားတွေအားလုံးက သိပ်ကိုမှ Special ဖြစ်ပါတယ်၊ သို့ပေမယ့် အားလုံးကတော့ 𝗦𝗽𝗲𝗰𝗶𝗮𝗹𝗲 မော်ဒယ်တွေ မဟုတ်ကြဘူး" တဲ့။ Ferrari ကားတစ်စီးရဲ့ နာမည်နောက်ဆုံးမှာ 𝗦𝗽𝗲𝗰𝗶𝗮𝗹𝗲 ဆိုတာကို ကပ်လိုက်ပြီဆိုတာနဲ့ အဲ့ဒီကားက အနီရောင် seatbelts တွေနဲ့ သိပ်ကိုမှဟိန်းသံကျယ်လောင်တဲ့ ကားတစ်စီးဆိုတာထက် ပိုသွားပါပြီ။ Lighter, Sharper, Louder, Faster, Angrier ဒါတွေဟာ 𝗦𝗽𝗲𝗰𝗶𝗮𝗹𝗲 မော်ဒယ်တွေကို ဖော်ညွှန်းနေတဲ့ နာမဝိသေသနတွေပါပဲ။ မြင်သာအောင်ထပ်ပြောရရင် 𝗦𝗽𝗲𝗰𝗶𝗮𝗹𝗲 မော်ဒယ်တွေဆိုတာ ပြင်းပါပေ့ဆိုတဲ့ ကော်ဖီတစ်ခွက်ကို Extra Caffeine ထပ်ထည့်ပေးတာနဲ့ အတော်လေး အလားသဏ္ဍာန်တူပါတယ်။ ဆိုတော့ မနေ့ညကပဲ Ferrari ဘက်က 296 GTB ရဲ့ 𝗦𝗽𝗲𝗰𝗶𝗮𝗹𝗲 မော်ဒယ်ကို ချပြလာခဲ့ပါပြီ။ 𝗦𝗽𝗲𝗰𝗶𝗮𝗹𝗲 မော်ဒယ်တွေရဲ့ ထုံးစံအတိုင်း ဘာတွေတိုးတက်ကောင်းမွန်လာသလဲဆိုတာကို စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာဆက်လက်ဖတ်ရှုပေးပါ။
မိတ်ဆွေသတိထားမိလားတော့မပြောတတ်ပေမယ့် 296 Speciale ရဲ့ Design Language က ယခင် 296 GTB ထက် အတော်လေး Aggressive ဖြစ်၊ Brutal ဆန်လာတယ်လို့ မြင်မိသလို Aerodynamics အတော်များများကိုလည်း F80 ဆီကနေ inspiration ယူသုံးပေးလာတာ သိသာပါတယ်။ 296 GTB နဲ့ ဘာတွေကွာသွားသလဲဆို ရှေ့ bumper မှာပဲ စကွာပါတယ်။ ဒီကောင်က F1 ကားတွေလို လေကို channel လုပ်ပေးမယ့် "aero damper" တွေပါပါတယ်။ ကားရဲ့အောက်ခြေကနေ လေကိုဆွဲစုပ်မယ် ပြီးရင် ဘောနပ်အပေါ်က လေထွက်ပေါက် Hood Scoops တွေကနေတစ်ဆင့် Windscreen ကိုဖြတ်ပြီး ဟိုးအနောက်ကို တစ်ဆက်တည်းဆင်းသွားမယ့် ပုံစံမျိုးပါ။ 296 GTB မှာ ဒီလောက်ထိမလုပ်ပေးထားသလို ဘောနပ်အပေါ်မှာလည်း ဘာ Air Vents မှ တွေ့ရမှာမဟုတ်ပါဘူး။ မိတ်ဆွေမှတ်မိမလားတော့ မပြောတတ်ပေမယ့် ဒီ Function ကို ကျွန်တော်တို့ F80 မှာ တွေ့ခဲ့ရပြီးပါပြီ။
ဆက်လက်ပြီး ကားရဲ့ Back-end ကို တစ်ချက်ကြည့်လိုက်မယ်ဆိုရင်လည်း Diffuser နဲ့ Exhaust Tip ထုတ်ထားတဲ့ပုံစံတွေ၊ razor-sharp angles တွေနဲ့ wind-cheating ကောက်ကြောင်းတွေက F80 နဲ့ တစ်ထေရာတည်းကို ဆင်တူပါတယ်။ ဆိုတော့ အကျိုးရလဒ်အနေနဲ့ 296 Speciale က GTB ထက် Downforce 20% လောက်အထိကို ပိုရသွားတယ်လို့ Ferrari ဘက်ကတော့ ဆိုထားပါတယ်။ ဒီတော့ 20% ဆိုတာ စာထဲမှာရေးထားတော့ နည်းကောင်းနည်းတယ်လို့ထင်ရပါတယ်။ ဒါကို မြင်သာအောင်ပြောရရင် GTB ရဲ့ Downforce က 250 km/h မှာ 360 Kg ရှိပါတယ်။ Speciale မှာ 20% ပိုရမယ်ဆိုတော့ ဒါဟာတစ်နည်းအားဖြင့် 432 Kg Downforce ရမယ်လို့ပြောချင်တာဖြစ်ပြီး GTB ထက် 72 Kg ပိုရမယ်ပေါ့။ GTB ပေါ်မှာ 72 Kg အလေးချိန်ရှိတဲ့ ယောကျာ်းကြီး (၆) ယောက် တက်ထိုင်ထားမယ်ဆိုကြပါစို့။ Speciale ပေါ်မှာက (၇) ယောက် တက်ထိုင်ထားတဲ့ပုံစံမျိုးပါ။ ဒီတော့ ကားပေါ်မှာ 72 Kg ရှိတဲ့လူတစ်ယောက်ရဲ့ အကျိုးသက်ရောက်မှုက ဘယ်လောက်အထိရှိမလဲဆိုတာကိုတော့ မိတ်ဆွေတို့ကောင်းကောင်းနားလည်မယ်လို့ ယူဆတဲ့အတွက် ဆက်မရှင်းပြတော့ပါဘူးဗျ။
ဆက်လက်ပြီး အားလုံးစိတ်ဝင်စားကြမယ့် Performance အပိုင်းကို ပြောကြပါမယ်။ ဒီကောင့်မှာသုံးပေးထားတာကတော့ ထုံးစံအတိုင်းပဲ 3.0-liter twin-turbo V6 အင်ဂျင်ပဲဆိုပေမယ့် GTB မှာလို Total Output 818 Hp မဟုတ်မှာ ဒီ Speciale မှာ 868 Hp ထွက်ပါတယ်။ ဆိုတော့ 50 Hp ပိုများလာတယ်ပေါ့လေ။ ဒါဆို ဒီ 50 Hp က ဘယ်ကရလာသလဲ? ဘယ်လိုရလာသလဲပေါ့? ကျွန်တော်တို့ 296 GTB မှာ Gasoline အင်ဂျင်တစ်ခုတည်းကနေ 654 Hp ပဲထွက်ပါတယ်။ သို့ပေမယ့် ဒီ Speciale မှာကျ F1-inspired knock control တွေ၊ titanium connection rods တွေနဲ့ forged pistons တို့ရဲ့ကျေးဇူးကြောင့် Gasoline အင်ဂျင်တစ်ခုတည်းတင်ပဲ 690 Hp ထွက်သွားပါတယ်။ ဒါကခုမှမြင်ဖူးတဲ့ အထူးအဆန်းတစ်ခုလားဆိုတော့ အဲ့လိုလည်းမဟုတ်ပြန်ဘူးဗျ။ 296 Challenge ပြိုင်ကားမှာ Hybrid System ကို ဖြုတ်ချပြီး ဒီ Gasoline အင်ဂျင်တစ်ခုတည်းနဲ့ 690 Hp ထုတ်ပြထားတာကို အရင်ကတည်းက မြင်တွေ့ခဲ့ပြီးပါပြီ။
690 Hp - 654 Hp ဆိုတော့ အင်ဂျင်တစ်ခုတည်းကနေပဲ 36 Hp ပိုရလာပါတယ်။ ဒါဆို ကျန်တဲ့ 14 Hp ကရော? ရှင်းပါတယ် Upgraded လုပ်ထားတဲ့ Electric Motor ကနေ ကျန်တဲ့ 14 Hp ကိုရမှာပါ။ Ferrari ကတော့ သူ့ရဲ့ customers တွေ စိတ်လှုပ်ရှားပြီး ချွေးစီးချွေးပေါက်တွေကျတာ မြင်ချင်ပုံရပါတယ်။ ဘာလို့ဆို 0-62 mph ကို 2.8 စက္ကန့်နဲ့ မြင်းကောင်ရေ 900 နီးပါးထွက်တဲ့ မြင်းရိုင်းတစ်ကောင်ကို နောက်ယက် RWD နဲ့ပဲ ဆက်လက်ထိန်းချုပ်ခိုင်းအုံးမှာမို့ပါ။ ဆက်ရရင် Ferrari ဘက်ကတော့ ဒီ 296 Speciale ရဲ့ Fiorano Circuit lap time ကိုပါ တစ်ခါတည်းချပြလာခဲ့ပါတယ်။ 1:19 မိနစ်ဆိုတော့ ဒါဟာ GTB ထက် နှစ်စက္ကန့်လောက် ပိုမြန်တယ်ပေါ့လေ။ ဒီနေရာမှာ နှစ်စက္ကန့်ဆိုလို့ ဘာမှမထူးဘူးဆိုပြီး နှာခေါင်းမရှုံ့သွားနဲ့ ကိုယ့်လူ။ (၁၃) မိုင်လောက်ရှည်တဲ့ Nürburgring မှာ နှစ်စက္ကန့်က ဘာမှမဟုတ်ပေမယ့် (၁.၈) မိုင်လောက်သာရှိတဲ့ Fiorano Circuit မှာတော့ နှစ်စက္ကန့်ဟာ သိပ်အရေးပါပါတယ်။
အဆုံးသတ်ရရင် 296 ချင်းအတူတူ GTB က Michelin-star ရထားတဲ့ ဟင်းပွဲတစ်ပွဲဆို Speciale က Gordon Ramsey တစ်ယောက် energy အပြည့်နဲ့ချက်ထားတဲ့ ဟင်းတစ်ပွဲနဲ့တူပါတယ်။ ဆိုတော့ ကိုယ့်လူရော ဒီ 296 Speciale ကို ဘယ်လိုမြင်မိလဲ? 458 Speciale နဲ့ဆိုရင်ရော ဘယ်တစ်စီးကိုပိုရွေးဖြစ်မလဲဆိုတာ ကောမန့်မှာပြောသွားပါအုံးဗျ။ အားလုံးပဲ သာယာသောနေ့လေးဖြစ်ပါစေ။

image