10 w - Translate

"ပြီးခဲ့တဲ့ ၈နှစ်၊ ၉နှစ်အတွင်း သူ့လို ကစားသမားမျိုး ကျနော်မမြင်ခဲ့ဖူးဘူး၊ သူ့ကို လူကပ်ကစားဖို့အတွက် ကျနော် ကစားသမား ၃ဦးအထိ အသုံးပြုခဲ့ရပါတယ်”
အင်တာနည်းပြအင်ဇာဂီ ပွဲအပြီးမှာ ပြောခဲ့တာပါ။ လာမိုင်းယာမယ်လ်ကို သူ့ကစားသမား ၃ဦးအထိ လူကပ်ခဲ့ရတယ်လို့ ဝန်ခံသွားခဲ့တာပါ။ ဒီကောင်လေးကလည်း ၁၇ နှစ်ဆိုတဲ့အရွယ်နဲ့ မလိုက်ဖက်အောင်ကို လုပ်ပြသွားခဲ့ပါတယ်။
ဘာကာအတွက် ချေပဂိုးကို တကိုယ်တော်ထိုးဖောက်မှုနဲ့အတူ ဂိုးသမားအဝေးထောင့်ဆီ ကန်ထည့်သွားတာများ ငြိမ်ချက်ပဲ။ ဝါရင့်ကြီးတဦးအလားဖြစ်နေခဲ့တာပါ။ အင်ဇာဂီ မယုံနိုင်အောင်ဖြစ်ခဲ့ရတာလည်း ဖြစ်သင့်ပါတယ်။

image