တရားရချင်ရင် တရားအားထုတ်ချင်တဲ့ ဝီရိယတော့ ရှိရတယ်,
ဝီရိယစိုက်လို့ သတိရှိ,
သတိရှိလို့ သမာဓိဖြစ်,
သမာဓိရှိလို့ အမှန်အတိုင်းသိတဲ့ ဉာဏ်ဖြစ်လာတာ။
ဉာဏ်ကောင်းလွန်းတဲ့လူကျတော့ တရားနာနေရင်းကို ဉာဏ်တန်းဖြစ်သွားတာ။
ဝိပဿနာဆိုတာ ဉာဏ်ပါ,
မသိသေးတာသိသွားပြီး အသိပြောင်းသွားတာပါ။
ကိုယ်က တရားထိုင်လို့ အသိပြောင်းရင် ထိုင်,
တရားနာလို့ အသိပြောင်းရင် နာပေါ့,
အသိပြောင်းဖို့ လိုရင်းပါ။
အရှင်ဝရသာမိ
28.4.20
