Microsoft ကုဒ်ရဲ့ ၃၀% ကို AI နဲ့ ရေးထားတယ်လို့ဆို
AI ကို ကုမ္ပဏီကြီးတွေ အသုံးချချက်က ရှယ်ကြမ်းတယ်။
ကမ္ဘာ့အကြီးဆုံး ဆော့ဖ်ဝဲလ်ကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Microsoft က သူ့ကုမ္ပဏီရဲ့ ကုဒ် ၂၀% - ၃၀% အထိလောက် AI တွေ ရေးခိုင်းတာလို့ ပြောပါတယ်။ ဒါက Meta CEO မတ်ဇူကာဘတ်နဲ့ Microsoft CEO ဆတ္တယာ နာဒဲလာတို့ Meta LlamaCon AI ပွဲမှာ ပြောသွားတာပါ။
AI ရေးတဲ့ ကုဒ်ပမာဏကလည်း အငြိမ်ဆက်သွားနေတယ်လို့ နာဒဲလာက ပြောတာပါ။ ဇူကာဘတ်ကိုရော မင်းတို့ ကုမ္ပဏီကုဒ်ဘယ်လောက်များများ AI နဲ့ ရေးနေပြီလဲလို့ နာဒဲလာက ပြန်မေးတော့ ဇူကာဘတ်က ဘယ်လောက်ဘယ်ညာ မပြောပါဘူး။
