10 ပတ် - ဘာသာပြန်ပါ။

နာကျင်ရလည်း ... ကိုယ့်ကြောင့်ပဲ မဟုတ်လား ။
သူ့ကြောင့်ဆိုပြီး
ဘာလို့ လက်ညှိုးတွေ ထိုးနေတော့မှာလဲ
သူက လိမ်တယ်
ပြီးတော့ ကိုယ်က ယုံတယ် ။
ပုံပြင်တွေကို
အဟုတ်ကြီး ထင်တတ်တဲ့ကလေးက
ဒီတစ်ကြိမ်လည်း အတုအယောင်တွေကို
အစစ်ကြီးလို့ထင်ခဲ့တယ်လို့ပဲ ဖြေပါတယ် ။
ရွှေရည်စိမ်တွေဟာ
အချိန်တန်ရင်
အရောင်ကျွတ်တတ်စမြဲပဲ မဟုတ်လား ။
အဲ့ဒီအရာကို
အများကြီး တန်ဖိုးထားမိတဲ့
ကိုယ်ကပဲ
တုံး လွန်း အ လွန်းခဲ့တာပါ။
နာကျင်ရတယ်ဆိုတာကလည်း
ကိုယ် ရွေးချယ်ထားခဲ့လို့လေ
ပြီးတော့ ...
ကိုယ်ကိုယ်တိုင်က
မစွန့်လွှတ်နိုင်ခဲ့လို့
ဒီလောက်ပဲ
နောက်ဆုံး ... အကျဥ်းချုပ်ရရင်
ကိုယ့်ကြောင့်ပဲ မဟုတ်လား ။
#ကျေးကို