Red Shoes and the Seven Dwarfs (202
IMDb Rating 6.2/10 ထိရရှိထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ် . . .
အရင်ကြည့်ဖူးကြတဲ့ စနိုးဝိုက်ဇာတ်လမ်းကနေတစ်မူကွဲထွက်နေတဲ့ ကာတွန်းကားကောင်းလေးတစ်ကားလိုပြောလိုရပါတယ်။
ဒီကားထဲမှာ ပါလေရာသူရဲကောင်း မင်းသားမာလင်နဲ့သူ့အပေါင်းအပါ၆ယောက်က ပါးစပ်သရမ်းတော့ စုန်းမတစ်ယောက်ရဲ့
ကျိန်စာမိပြီး လူပုတိုလေး၇ယောက်ဖြစ်နေပါတယ်။ သူတိုကျိန်စာကနေလွတ်ဖိုအတွက် ကမ္ဘာပေါ်ကအလှဆုံးသောမိန်းကလေး
ကနမ်းမှသာ ရမှာပါ။ စနိုးဝိုက်ကျတော့ တစ်မျိုး သူက ဘုတ်အီးမလေး သန်မာတယ် ချစ်ဖိုကောင်းတယ်။ သူ့မိထွေးကစုန်းမ
သူ့အဖေကလည်း သူ့မိထွေးစုန်းမမှန်းသိတော့ စနိုးဝိုက်လေးကိုဘေးကင်းရာပိုထားတယ်။ သူကိုယ်တိုင်လည်းပျောက်သွားတယ်။
စနိုးဝိုက်လေးက သူ့အဖေကိုရှာဖို သူ့မိထွေးဆီအသွား သူ့မိထွေးရဲ့ ထာဝရလှပစေမယ့် မှော်ဖိနပ်လေးကိုစီးမိပြီး တအားလှသွားရော
သူစုန်းမလက်ကနေထွက်ပြေးရင်း သူ့အဖေမှာခဲ့တဲ့ သူရဲကောင်း၇ဦး ဆိုတာကိုရှာရင်း အလွဲလွဲအချော်ချော်လေးတွေနဲ့ အဆုံးထိ
ကြည့်ချင်အောင်ဆွဲဆောင်မှု အပြည့်ရှိလွန်းလှတဲ့ လက်ရာမြောက် animation ကားကောင်းလေးဖြစ်ပါတယ်။ အသံနောက်ခံတွေ
ကတော့ မင်းသား မာလင်နေရာမှာ Me Before Youထဲက မင်းသား ဖြစ်ပြီး။ မင်းသမီးစနိုးဝိုက်နေရာမှာကတော့ ကော်ရီးတွေရဲ့
အချစ်တော်အကိတ်မလေး Chloë Grace Moretz ဖြစ်ပါတယ်။
ဇာတ်ကားလင့်
https://t.me/c/2186686827/168
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
