Brad Pitt ဆိုတဲ့ဘဲ ကတကယ့်ငစားဗျ ။ ငစားဆိုမှတကယ့်ငစားပါ ။ သူပါတဲ့ရုပ်ရှင် တော်တော်များများကို ကြည့်ရင် သူဟာ တစ်ခုခုကိုစား နေ ဝါးနေတာကိုအမြဲမြင်ရမှာပါ ။ ဒီလိုစားနေတာ Script ထဲမှာလဲ မပါသလို ၊ ဒါရိုက်တာ လုပ်ခိုင်းတာလဲမဟုတ်ပါဘူး ။
ဒါကိုသတိထားမိတဲ့ မီဒီယာတွေက Brad Pitt ကိုမေးတဲ့အခါ Brad Pitt က အဖြေနှစ်ခုပေးခဲ့ပါတယ် ။ ပထမတစ်ချက်ကတော့ ဗိုက်ဆာလို့ဖြစ်ပြီး နောက်တစ်ချက်ကတော့ သရုပ်ဆောင်ရာမှာ ပိုပြီးယုတ္တိ ရှိစေဖို့ဖြစ်ကြောင်းပြောပြခဲ့ပါတယ် ။
