ကျွန်​တော်တို့ ကမ္ဘာ​မြေကို အလင်းနဲ့ အပူစွမ်းအင်​တွေ ​ပေး​နေတဲ့ ​နေဟာ စကြာဝဠာထဲမှာတည်ရှိနေတဲ့ များပြားလှတဲ့ ကြယ်စင်တွေထဲက အလယ်အလတ်အရွယ်ရှိတဲ့ ကြယ်စင် တစ်စင်းသာ ဖြစ်ပါတယ်။
ကျွန်​တော်တို့ ​နေအဖွဲ့အစည်း(Solar System)မှာ ပါဝင်တဲ့ ​နေမင်းကြီးဟာ လွန်ခဲ့တဲ့ နှစ်၄.၅ဘီလီီယမ်​လောက်က စတင်ဖြစ်​ပေါ်လာခဲ့ပါတယ်။ ​နေမင်းကြီး မဖြစ်​ပေါ်ခင်မှာ နေအဖွဲ့အစည်းနေရာမှာ နက်ဗြူလာ(Nebula) လို့ ​ခေါ်တဲ့ ဓါတ်​ငွေ့တိမ်တိုက်ကြီး​တွေသာ ရှိခဲ့ပါတယ်။
ဒီ နက်ဗြူလာတိမ်တိုက်​တွေထဲမှာ ပါဝင်တဲ့ ဒြပ်(Matter) ​တွေဟာ အချင်းချင်းဒြပ်ဆွဲအားကြောင့် တဖြည်းဖြည်းနဲ့ သိပ်သည်းကျစ်လျစ်လာပြီး ရလဒ်အ​နေနဲ့ အခုကျွန်​တော်တို့ ​'နေ' လို့ သိကြတဲ့ ကြယ်တစ်လုံး ဖွားမြင်လာခဲ့ပါတယ်။ နက်ဗြူလာတိမ်တိုက်​​တွေဟာသူတို့ဆီကနေ ကြယ်​တွေကို ​မွေးဖွား​ပေး​နေတယ်လို့ ဆိုရင်လဲ မမှားပါဘူး။
ကျွန်​တော်တို့ရဲ့ ​နေတင်မဟုတ်ဘဲ၊ စကြဝဠာကြီးထဲမှာ ရှိတဲ့ တခြား တခြား​သော ကြယ်​တွေဟာလဲ နက်ဗြူလာတိမ်တိုက်​တွေက​နေပဲ စပြီး ဖြစ်​ပေါ်လာကြပါတယ်။
ဒီမှာ ​မေးစရာရှိလာတာက ကြယ်တစ်လုံးဟာ ​ဘယ်လိုမျိုးရပ်တည်နေသလည်းဆိုတာပါ။ အ​ဖြေက​တော့ နျူးကလီးယားဖျူရှင်(Nuclear Fusion)လို့ ခေါ်တဲ့လောင်ကျွမ်းဒြပ်ပေါင်းခြင်းဖြစ်စဉ် ဖြစ်ပါတယ်။ အလွန်အား​ကောင်းတဲ့ ဒြပ်ဆွဲအား(Gravity) ​ကြောင့် ကြယ်တစ်လုံးရဲ့ အူတိုင်အတွင်းမှာ ရှိ​နေတဲ့ ဟိုက်ဒရိုဂျင်အက်တမ်(Hydrogen Atom) ​တွေဟာ အချင်းချင်း​ပေါင်းစည်းမိကြပြီး ဟီလီယမ်အက်တမ်(Helium Atom) ​တွေ ဖြစ်လာကြပါတယ်။ ဒီအခါ ရလဒ်အ​နေနဲ့ ပမာဏအလွန်များပြားတဲ့ စွမ်းအင်​တွေ ထွက်လာပါတယ်။
ကြယ်အူတိုင်မှာ ရှိတဲ့ Nuclear Fusion ဟာ အပူစွမ်းအင်​တွေကို မျက်နှာပြင်အလွှာအထိ​ရောက်​အောင် ထုတ်လွှတ်​နေပါတယ်။ စွမ်းအင်​တွေဟာ အူတိုင်ရဲ့ အပြင်ဘက်ကို ဦးတည်ပြီး ထွက်လာ​နေကြပါတယ်။ တစ်ချိန်တည်းမှာပဲ ကြယ်တစ်လုံးရဲ့ ဒြပ်ဆွဲအားဟာ ဒြပ်ထု(Mass) များရင် များသ​လောက် အတွင်းဘက်ကို ဦးတည်ဆွဲ​နေပြန်ပါတယ်။ အူတိုင်ရဲ့ အပြင်ဘက်ကို ဦးတည်ပြီး ထွက်လာ​နေတဲ့ စွမ်းအင်​တွေနဲ့ အူတိုင်ရဲ့ အတွင်းဘက်ကို ဆွဲငင်​နေတဲ့ ဒြပ်ဆွဲအားဟာ မျှ​ခြေဖြစ်​နေမှာပါ။ ရလဒ်အ​နေနဲ့ ကြယ်တစ်လုံးဟာ အာကာသထဲမှာ တည်တည်ငြိမ်ငြိမ်နဲ့ ရှိ​နေနိုင်ပါတယ်။
ဒါ​ပေမဲ့ အထက်မှာ ​ပြောခဲ့သလို ကြယ်တစ်လုံးဟာ ဘယ်အချိန်ကျရင် ​ပေါက်ကွဲထွက်သွားတာလဲ။ ကြယ်ရဲ့ အူတိုင်မှာ ရှိ​နေတဲ့ ​လောင်စာကုန်သွားတဲ့ အချိန်ပါ။ Nuclear Fusion ဖြစ်ဖို့ဆိုရင် ဒြပ်စင်တစ်မျိုးဟာ အခြားဒြပ်စင်တွေဖြစ်လာ​အောင် ​ပေါင်းစည်းနိုင်မှ ရပါတယ်။
ကြယ်တွေမှာ ​သူတို့အတွက် လောင်စာကုန်သွားလို့ Nuclear Fusion မရှိ​တော့ဘူးဆိုရင် ဒြပ်ဆွဲအားကို ဆန့်ကျင်မဲ့ အားလဲ မရှိ​တော့ပါဘူး။ အပြင်ဘက်ကို တွန်းကန်​ပေးမဲ့ အားမရှိ​တော့တဲ့အတွက်၊ ကြယ်ဟာ ဒြပ်ဆွဲအား​ကြောင့် အတွင်းဘက်ကိုပဲ တဖြည်းဖြည်းနဲ့ ကျုံ့ဝင်လာပါ​တယ်။ အလွန်ကို များပြားလွန်းတဲ့ အားနဲ့ အတွင်းဘက်ကို ဖိသိပ်ခံရပြီးတဲ့​နောက်မှာ ကြယ်တစ်လုံးဟာ အပြင်ဘက်ကို စွမ်းအင်​တွေ ဖြာထုတ်ပစ်လိုက်ပါတယ်။ ဒီလို ​စွမ်းအင်ဖြာထွက်သွားခြင်းကို စူပါနိုဗာ​​ပေါက်ကွဲခြင်း(SuperNova Explosion) လို့ ​ခေါ်ပါတယ်ဗျ။
SuperNova ပေါက်ကွဲမှုများ ဟာ ကြယ်​တွေကို ​မွေးဖွား​ပေး​နေတဲ့ နက်ဗြူလာတိမ်တိုက်(Nebula) ​တွေနဲ့လဲ အဆက်အနွယ်အချို့ ရှိပါ​သေးတယ်။
တချို့​သော နက်ဗြူလာ​တွေဟာ SuperNova ဖြစ်စဥ်​ကြောင့် ဖြာထွက်လာတဲ့ ဓါတ်​ငွေ့​တွေက​နေ တစ်ဆင့် ဖြစ်​ပေါ်လာကြပါတယ်။ တချို့​သော နက်ဗြူလာ​တွေကျ​တော့ အသစ်အသစ်​သော ကြယ်​တွေကို ​မွေးဖွား​ပေး​နေတဲ့ ​​ဒေသ​တွေပါ။ ဒီလို ကြယ်အသစ်​တွေကို ဖြစ်​ပေါ်လာ​စေတဲ့ နက်ဗြူလာအမျိုးအစားကို ‘Star Nurseries’ လို့ ​ခေါ်ပါတယ်။ ကြယ်​တွေကို ​မွေးဖွား​ပေးတဲ့ ဌာန​တွေ​ပေါ့ဗျာ။ ဒီလို ‘Star Nurseries’ နက်ဗြူလာ​တွေက​နေ တစ်ဆင့် ကြယ်​တွေဟာ ဘဝ သံသရာကို တစ်ဖန် ပြန်လည် စတင်ကြပါတယ်။
လူသိများထင်ရှားတဲ့ ‘Star-forming Nebula’ (သို့) ‘Star Nurseries Nebula’ ​တွေက​တော့ အော်ရီ​ရော်နက်ဗြူလာ(Orion Nebula)၊ ကဏန်းနက်ဗြူလာ(Crab Nebula)၊ သိမ်းနက်ဗြူလာ(Eagle Nebula) တို့ပဲ ဖြစ်ပါတယ်။ မှတ်တမ်းတင်ထားခဲ့သမျှထဲမှာ ဟီးလက်စ်နက်ဗြူလာ(Helix Nebula) ဟာ ကမ္ဘာနဲ့ အနီးဆုံး နက်ဗြူလာတစ်ခု ဖြစ်ပါတယ်။ ဒီနက်ဗြူလာတွေဟာ ကြယ်တစ်ခုနဲ့ တစ်ခုအကြားက ‘Interstellar Space’ လို့ ခေါ်တဲ့ အာကာသနေရာလွတ်တွေမှာ ရှိနေတတ်ကြပါတယ်။ အာကာသချစ်သူ​တွေရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်တဲ့ အလှတရား​တွေ​ပေါ့။ ဒီနက်ဗြူလာ​တွေက​နေ စပြီး ကြယ်​တွေဟာ တစ်ဖန် ပြန်လည်​မွေးဖွားလာကြပါတယ်။
သက်ရှိတို့ရဲ့ ​မွေးဖွားခြင်း၊ ​သေဆုံးခြင်း သံသရာဟာ ကျွန်​တော်တို့ ကမ္ဘာ​မြေ​ပေါ်မှာပဲ ဖြစ်တည်​နေတာ မဟုတ်ဘဲ၊ စကြဝဠာထဲက ကြယ်စင်တွေမှာပါ ဖြစ်တည်​နေပါတယ်။ အံဩစိတ်ဝင်စားစရာ ဆန်းကြယ်လှတဲ့ စကြဝဠာကြီးပဲ မဟုတ်လားခင်ဗျာ။
photo 1
SuperNova Explosion - Fusion ဖြစ်စဥ်မှာ ဟိုက်ဒရိုဂျင်က​နေ ဟီလီယမ် အဖြစ်ကို ​ပေါင်းစည်းကြပါတယ်။ ဒြပ်စင်​တွေဟာ အိုင်းယွန်း(Iron) ဖြစ်တဲ့အထိ အဆင့်ဆင့်​ပေါင်းစည်းလာကြပါတယ်။ အိုင်းယွန်းဟာ တခြားဒြပ်စင်အဖြစ်သို့ ဖျူရှင်မဖြစ်နိုင်​တော့တဲ့အတွက် Nuclear Fusion ဖြစ်စဥ်ဟာလဲ ဒီအဆင့်မှာပဲ ရပ်တန့်သွားပါလိမ့်မယ်။ ဒီအခါ ဒြပ်ဆွဲအား​ကြောင့် ကြယ်ဟာ တဖြည်းဖြည်းနဲ့ အတွင်းဘက်ကို ကျုံ့လာပြီး ​နောက်ဆုံး စွမ်းအင်နဲ့ ​ရောင်ခြည်များစွာဟာ ဖြာထွက်ပေါက်ကွဲသွားပါတယ်။
photo 2
White Dwarf (ကြယ်ဖြူပု) - ကြယ်တစ်လုံးဟာ SuperNova ​ပေါက်ကွဲမှု ဖြစ်ပြီးသွားတဲ့အခါ မူလကြယ်​နေရာမှာ White Dwarf လို့​ခေါ်တဲ့ ကြယ်ဖြူ​ပုလေးတစ်လုံး ကျန်ရစ်ခဲ့ပါတယ်။ ပမာဏများပြားလွန်း​အောင် သိပ်သည်းပြီး​တော့ စကြဝဠာထဲမှာ အသိပ်သည်းဆုံးအရာလို့​တောင် သတ်မှတ်ကြပါတယ်။ White Dwarf ဟာ မူလကြယ်ထက် အရွယ်အစား​သေးငယ်​ပေမဲ့ မူလကြယ်ထက် သိပ်သည်းခြင်း(Density) ပိုများပါတယ်။

image