Marvel Studio ကတော့ ပြီးခဲ့တဲ့ Thor : Ragnarok နဲ့ Thor : Love And Thunder ဇာတ်ကားတို့ကိုကြည့်ပီး
သံဝေဂ ရကာ Marvel က လူကြီးတွေဟာ Thor 5 ကို Dark ဖြစ်အောင်လုပ်ဖို့နဲ့ သေချာရိုက်ကူးပေးမဲ့ဒါရိုက်တာတစ်ေယာက်ကိုရှာဖွေနေကြပါပိ
( ဒါရိုက်တာ Taika Waititi ဟာ Thor Ragnarok နဲ့ Love And Thunder တို့ကို ငွေအတွက်ပဲကြည့်ပြီး ရိုက်ကူးခဲ့တာလို့ Taika Waititi ကိုယ်တိုင် Smartless Podcast အစီအစဉ် မှာပြောကြားခဲ့ပါတယ် )
အထူးသဖြင့် Taika Waititi ရိုက်ကူးတဲ့ Thor : Love And Thunder ဟာ ပေါကားသာသာ သာဖြစ်ခဲ့ပြီး တစ်ကားလုံးမှာ ပြောစရာဆိုလို့ Christian Bale ရဲ့ သရုပ်ဆောင်ချက်တွေပဲရှိခဲ့ပါတယ် ။
ဒါကြောင့် Marvel Studio ဖက်က Taika Waitit ကို Thor ကားတွေ ဆက်မရိုက်စေတော့တာပါ။
Marvel ဖက်ကတော့ လာမဲ့ Thor 5 ကို တော့ Dark ဖြစ်အောင်ရိုက်ကူးပေး ရုံသာမက Dark ဖြစ်တဲ့တီးလုံးတွေ နောက်ခံတေးတွေကိုပါ အသုံးပြုစေလိုချင်နေပါတယ်
ဒီလိုရိုက်ကူးဖို့ Marvel Studio ဖက်က The Creator ( 2023 ) ၊ Godzilla ( 2014 ) တို့ကို ရိုက်ကူး ပေးခဲ့တဲ့ ဒါရိုက်တာ Gareth Edwards ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့တော့ သတင်းတွေထွက်နေပါတယ် ။
