10 w - Translate

အရွယ်အစားသေးတဲ့ဖုန်းတွေကိုင်ရင် ဘက်ထရီမခံတာ ထုံးစံဖြစ်နေပါပြီ။ ဒါပေမယ့် ဒီနေ့ပဲ မိတ်ဆက်လိုက်တဲ့ OnePlus 13T က 6.3 inches နဲ့ ဘက်ထရီ 6260 mAh အထိ ထည့်ပေးထားတာပါ။
Compact အရွယ်အစားဖြစ် လက်ထဲကိုင်လို့ကောင်းမယ့် အရွယ်နဲ့ ဘက်ထရီများများထည့်ပေးလာတာ အားရစရာပါပဲ။ Fast Charging ကလည်း 80W ဆိုတော့ အားသွင်းရင် တော်တော်မြန်တဲ့အထဲပါဦးမယ်။ ဘက်ထရီအပိုင်းတင်မဟုတ်ဘဲ ကျန်တဲ့အပိုင်းတွေကလည်း မခေဘူး။ ဘာတွေပါလာလဲဆိုတော့...
- LTPO Amoled 120hz
- Snapdragon 8 Elite
- 50MP dual camera + 16MP selfie
- IP 65 rating
- Shortcut Key
ပုံမှာပြထားတဲ့ အရောင်သုံးရောင် ရရှိနိုင်မှာဖြစ်ပြီး တရုတ်မှာတော့ 12/256 GB ကို ဒေါ်လာ ၅၀၀ အောက်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

image