10 ပတ် - ဘာသာပြန်ပါ။

ဘာမှမပါလာတဲ့ ဒေါ်လာ ၂ သောင်းတန် လျှပ်စစ်ကား
ဒီလျှပ်စစ်ကားမှာက အပေါ်မှာပြောသလိုပဲ ကားဘော်ဒီကို ဆေးမမှုတ်ထားဘူး၊ ကားအတွင်းပိုင်းမှာလည်း Touchscreen တို့ Power Windows တို့မပါဘူး၊ စပီကာမပါဘူး၊ ရေဒီယို ကက်ဆက်တွေမပါပါဘူး။ အမေရိကန်ရဲ့ အသက်သာဆုံး လျှပ်စစ်ကားအဖြစ် ရောင်းချသွားမှာဖြစ်ပြီး ဒီလျှပ်စစ်ကားရဲ့မူရင်းဈေးက ဒေါ်လာ 27,500 ဈေးနှုန်းရှိပါတယ်။


ဒီလျှပ်စစ်ကားက Amazon CEO Jeff Bezos ရဲ့ ကားကုမ္ပဏီလို့လည်း ဖော်ပြထားတယ်။ ကုမ္ပဏီနာမည်က Slate Auto ဖြစ်ပြီး ဒီလျှပ်စစ်ကားက ကုမ္ပဏီရဲ့ ပထမဆုံးကားပါ။ Slate Truck လို့ နာမည်ပေးထားတယ်။ နောက်ပြီး အင်တာနက်ပေါ်မှာတော့ Tesla ကို ပြိုင်ဖို့အတွက် ထုတ်ထားတာလို့လည်း ဆိုထားကြတယ်။

image