11 w - Translate

❝ သူ မရှိတော့ ကျွန်တော်ဟာ
အစောပိုင်း ရက်တွေမှာ နေလို့မရခဲ့ပါဘူး။
ရေအိမ်ထဲသွားပြီး
ကလေးတွေမသိအောင် ငိုမိတယ်။
ဟန်ဆောင်ရတယ်။
လူကောင်းတစ်ယောက်လို၊
တည်ငြိမ်နေတဲ့ လူတစ်ယောက်လို၊
အစစ် အမှန်ကိုသာ ပေးချင်သူပါ။
အစစ်အမှန်ကိုသာ ရချင်သူပါ။
သို့ပါသော်ငြား
ကျွန်တော် ဟန်ဆောင်ရတယ်။
အစစ်အမှန်ဆိုတာ ဘာပါလိမ့်။
ပြောပြစမ်းပါ။
အရက်ဆိုင်မှာ ဇက်ကျိုးကျနေတာဟာ
အစစ်အမှန်လား။
ညည အိပ်မပျော်တာဟာ အစစ်အမှန်လား။
ဘုရားစင်ရှေ့ ဒူးထောက် ငြိမ်သက်နေတာ
အစစ်အမှန်လား။
စာရွက်ပေါ်မှာ စာလုံးတွေ ချရေးဖို့ဟာ
အခက်ခဲဆုံးနဲ့ အတုန်လှုပ်ရဆုံးပေါ့
သားငယ်က ပြောတယ်။
အမေနဲ့ ခဏလေးဖြစ်ဖြစ် တွေ့ချင်တယ်တဲ့။
ဘယ်လိုလဲကွာ၊ တွေ့ခွင့်ရမလား။
ငါလေ၊ မီးသင်္ဂြိုဟ်စက်ကြီးကို ကြည့်ပြီး
အဝေးကြီးဆီ လွမ်းခဲ့မိတယ် "
▪️နေမျိုး▪️

image