11 w - Translate

❛ တစ်ချိန်တစ်ခါကဖြင့်
ငါတို့ ပျော်ခဲ့ဖူးမယ် ထင်ပါရဲ့
ငါ မှတ်မိတာက
ငါတို့ နာမည်တွေကို ခေါ်တဲ့အခါတိုင်း
"ရှိ" လို့ အကျယ်ကြီး ထူးခဲ့ကြတာတွေ
တစ်ရက်မှာ မြူခိုးတွေ
ငါတို့ရဲ့ စာသင်ခန်းထဲထိ ဝင်လာပြီး
ငါတို့အားလုံး
ပျောက်ဆုံးသွားတဲ့ အချိန်အထိ ။
ဟိုတစ်ချိန်တုန်းကတော့
ငါ့အဘိုးဟာ
ပင်လယ်လှိုင်းကြမ်းတွေအပေါ်ကို
မောင်ဗမာစက်ဘီးလေး တစ်စီးနဲ့
အေးအေးသက်သာ
ကျော်ဖြတ်သွားခဲ့တယ်။
ငါတို့ခေတ် ရောက်မှပဲ
ရွှေရောင် ကရဝိက်ကြီးနဲ့
ဒုက္ခမြစ်ထဲ တဝဲလည်လည်။
- - အောင်ခင်မြင့် - -

image