ဗယ်လ်ဗာဒီကတော့ ထုံးစံအတိုင်း ကန်သွင်းခဲ့ပြန်ပြီ။ ညက ရီးရဲလ်တို့ အိမ်ကွင်းမှာ ဘီလ်ဘာအိုနဲ့ ဂိုးမရှိသရေကျဖို့ ဖြစ်နေခဲ့ပြီး နာကျင်အချိန်ပိုရောက်မှ ဗယ်လ်ဗာဒီသွင်းပေးတဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ရသွားတာပါ။ ဒီဂိုးကို ဗယ်လ်ဗာဒီက ထောင့်ဖြတ်အနေအထားကြီးမှာ မြေမကျကန်ချက်နဲ့ သွင်းယူသွားခဲ့တာပါ။
ဘီလ်ဘာအိုခံစစ်က ဖျက်ထုတ်လိုက်တာ သူ့ဆီဘောလုံးရောက်လာပြီး တချက်ထိန်းကာ မြေမကျကန်သွင်းခဲ့တာပါ။ ကန်ချက်က တော်တော်လေးကောင်းခဲ့ပြီး ဂိုးပေါက်နဲ့ တည့်တည့်က သွင်းယူရတာမဟုတ်ဘဲ ထောင့်ဖြတ်အနေအထားမို့ ကန်သွင်းရတာ မလွယ်ပါဘူး။ ဒါကြောင့်လည်း ဂိုးဝင်သွားချိန် စင်ပေါ်က ဂျိုကိုဗစ်ပါ မယုံနိုင်အောင် ဖြစ်သွားခဲ့တာပါ။
အသင်းဖော်တွေလည်း မယုံနိုင်ဖြစ်ခဲ့ပြီး ခေါင်းပေါ်လက်တင်တဲ့သူတွေ မနည်းဘူးဖြစ်သွားတယ်။ ဒီဘဲ သွင်းခဲ့တဲ့ ဂိုးအများစုက ဒီလိုကန်ချက်တွေချည်းပါပဲ။ ပြောစမှတ်တွင်စေမယ့် ဂိုးတွေ အများကြီးရထားပြီး တခြားကစားသမားတွေနဲ့ သိသိသာသာကို ကွဲထွက်နေတာတော့ အမှန်ပဲ။
