11 ပတ် - ဘာသာပြန်ပါ။

လက်စတာတို့ တန်းဆင်းသွားခဲ့ရပါပြီ။ လီဗာပူးလ်ကို အိမ်ကွင်းမှာပဲ ရှုံးခဲ့ပြီး ၃ နှစ်အတွင်း ၂ကြိမ်မြောက် တန်းဆင်းခဲ့ရပါတယ်။ ဂျင်မီဗာဒီတယောက် လက်စတာနဲ့အတူ ချန်ပီယံရှစ်ဆီကို ပြန်လိုက်သွားရပါဦးမယ်။ ပွဲအပြီး ဆာလာနဲ့ ပွေ့ဖက်နှုတ်ဆက်နေပုံကတော့ တကယ်စိတ်မကောင်းစရာပါ။

လက်စတာနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ရခဲ့တယ်။ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းတိုက်စစ်မှူးအဖြစ် ရပ်တည်နိုင်ခဲ့တယ်။ ဒီအသင်းကိုပဲ သစ္စာရှိရှိနဲ့ ဆက်နေ၊ ဆက်ကစားပေးပြီး တန်းဆင်းသွားလည်း လိုက်သွားတဲ့အထိ ဗာဒီက လုပ်ပေးထားခဲ့တာပါ။

ဒီတခါလည်း သူ ထပ်လိုက်သွားဦးမှာပဲ။ အသင်းကသာ သူ့ကို ဆက်ရှိနေစေချင်ရင် ဆက်ကစားပေးဦးမှာလည်း သေချာတယ်။ ချန်ပီယံဟောင်းတယောက်ရဲ့ တန်းဆင်းခဲ့ရမှုက တကယ်စိတ်မကောင်းစရာပါပဲ။

image