#နိုင်ငံတကာသတင်း
◼ပုပ်ရဟန်းမင်းကြီးဖရန်စစ်သက်တော် ၈၈ နှစ်တွင်ကွယ်လွန်
ရိုမန်ကက်သလစ်ကျောင်းတော်၏ ပထမဆုံးသော တောင်အမေရိက ခေါင်း ဆောင်ဖြစ်သည့် ပုပ် ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်အနိစ္စ ရောက်သွားပြီဖြစ်ကြောင်း ဗာတီကန်နန်းတော်က ထုတ် ပြန်ပြောကြားသည်။
ယင်းနှင့်အတူအစဉ်အလာတွေးခေါ်လေ့ရှိသောအင်စတီကျူးရှင်းအားပြုပြင်ပြောင်းလဲရန်ကြိုးစားရင်း စိတ်ဝမ်းကွဲပြားမှုများ တင်းမာမှုများနှင့် မကြာခဏဆိုသလို မတည်မငြိမ်ဖြစ်ခဲ့သော ပုပ် ရ ဟန်း မင်း ကြီး၏ စိုးစံမှု အဆုံးသတ်သွားခဲ့ပြီဖြစ်ကြောင်း ရိုက်တာ သတင်းက ဖော်ပြသည်။
ပုပ်ရဟန်းမင်းကြီးသည် ကွယ်လွန်ချိန်၌ သက်တော် ၈၈ နှစ်ရှိပြီဖြစ်ကာ မကြာခင်ကပင် နမိုး နီး ယား ရောဂါနှစ်ကြိမ်တိုက်ခိုက်မှုကို ကျော်လွှားနိုင်ခဲ့သည်။
ပုပ်ရဟန်းမင်းကြီးကွယ်လွန်သွားပြီဖြစ်ကြောင်းဝမ်းနည်းစွာ အသိပေးလိုသည်ဟု ကာဒီနယ် ဘုန်းတော်ကြီး ကီဗင်ဖာရဲလ်က ဗာတီကန်ရုပ်သံလိုင်းမှပြောကြားသည်။
ရောမမြို့မှ ဘုန်းတော်ကြီး ဖရန်စစ်သည် ဒေသစံတော်ချိန်ယနေ့နံနက် ၇ နာရီ ၃၅ မိနစ်တွင် အဖ ဘုရားသခင်ထံ ပြန် သွားခဲ့ကြောင်း ကာဒီနယ် ဖာရဲလ်က ပြောသည်။
ပုပ်ဖရန်စစ်ဖြစ်လာမည့် ဂျော့ချ်မာရီယိုဘာဂိုဂလီယို ကို ၁၉၃၆ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် အာ ဂျင်တီးနားနိုင်ငံဗြိူနိုအေးရိစ်မြို့ ၌ မွေးဖွားခဲ့သည်။
၎င်းသည် ၁၉၉၂ ခုနှစ်တွင် ဗြူနိုအေးရိစ် ၏ ဘုန်းတော်ကြီးဖြစ်လာပြီး ၁၉၉၈ ခုနှစ်တွင် မြို့တော်၏သာသနာဂိုဏ်းချုပ်ဖြစ်လာခဲ့သည်။
၂၀၀၁ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက်ဂျွန်ပေါလ် က၎င်းအား ကာဒီနယ် အဖြစ် အပ်နှင်းခဲ့သည်။
ထို့နောက်ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ် နုတ်ထွက်ပြီးနောက် ၂၀၁၃ ခုနှစ် မတ်လတွင် ပုပ်ရဟန်းမင်းကြီး အဖြစ်ရွေး ကောက်တင်မြှောက်ခံခဲ့ရသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
