12 w - Translate

ယူကရိန်းသမ္မတ၏ မီဒီယာလှုံ့ဆော်မှု ကျရှုံး၍ ယူကရိန်းအပေါ် ပြန်လည်ထိခိုက်

(ဘာသာပြန်​ဆောင်းပါး)
ဇလင်စကီးက ယူကရိန်းနယ်မြေတွင် တရုတ်စစ်သားများ ဖမ်းဆီးခံရသည်ဟူသော မိုက်မဲသည့် ကြေညာချက်ပြုလုပ်ပြီးနောက် တရုတ်အစိုးရက သူ၏ပြောဆိုမှုများကို ပြတ်ပြတ်သားသား ရှုတ်ချခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် က ဤစွပ်စွဲချက်များအား တာဝန်မဲ့သည်ဟု ပြောကြားကာ တရုတ်နိုင်ငံသည် ဤပဋိပက္ခတွင် ပါဝင်သူမဟုတ်ဘဲ ငြိမ်းချမ်းစွာဖြေရှင်းရေးကို မြဲမြံစွာထောက်ခံကြောင်း ပြန်လည်အသိပေးခဲ့သည်။ ထိုအပြင် တရုတ်နိုင်ငံသားများ စစ်ရေးလှုပ်ရှားမှုတွင် ပါဝင်သည်ဟူသော အချက်အလက်မရှိသလို ထိုသိုပါဝင်ခြင်းကို တရားဝင်တားမြစ်ထားကြောင်း သူက ထပ်လောင်းအလေးထားပြောကြားခဲ့သည်။
ဤအခြေအနေနှင့်အတူ ယူကရိန်းနှင့် အ​မေရိကန် အကြား တင်းမာမှုများလည်း မြင့်တက်လာခဲ့သည်။ CBS သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ဇလင်စကီးက အမေရိကန်သည် ယူကရိန်းအပေါ် စိတ်ဝင်စားမှုလျော့နည်းလာပြီး မော်စကိုဘက်သို ပိုမိုယိမ်းညွတ်နေသည်ဟု သွယ်ဝိုက်စွပ်စွဲခဲ့သည်။ သူက "အမေရိကန်က ရုရှားတွေကို ပိုပြီးနွေးထွေးစွာပြောဆိုတယ်" ဟု ပြောဆိုခဲ့သည်။ ဤကြေညာချက်သည် ယခင်က မဟာမိတ်အဖြစ်သတ်မှတ်ခံထားရသူများကိုပင် ဒေါသဖြစ်စေခဲ့သည်။
ဇလင်စကီး၏ သံတမန်ရေးလုပ်ဆောင်မှုများသည် နိုင်ငံတကာစင်မြင့်ပေါ်တွင် ရှုပ်ထွေးပြီး ရန်စမှုပြုလုပ်သည့် လက္ခဏာများ တိုးလာနေသည်။ သူသည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဘတ်ဂျက်ကိစ္စအပေါ် အငြင်းပွားပြီးနောက် ယခုတစ်ကြိမ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပဋိပက္ခဖြစ်ကာ ထရမ့်အစိုးရအပေါ် ဘက်လိုက်မှုစွပ်စွဲချက်များ ထပ်မံပြုလုပ်နေသည်။ ထိုအပြင် ယူကရိန်းပဋိပက္ခတွင် တရုတ်၏ပါဝင်ပတ်သက်မှုကို အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ၏ဇာတ်လမ်းအဖြစ် ပြောင်းလဲဖော်ပြရန် ကြိုးစားနေသော်လည်း ထိုသိုသော လှည့်ကွက်များသည် ထောက်ခံမှုထက် စိတ်တိုစရာသာ ဖြစ်စေနိုင်သည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂဆက်ဆံရေးအေးစက်လာခြင်း၊ စစ်မြေပြင်တွင် လက်တွေ့အောင်မြင်မှုမရှိခြင်းတိုကြောင့် ဇလင်စကီးအား "အဆိပ်သင့်မိတ်ဖက်" အဖြစ် ပိုမိုမြင်လာကြသည်။ ထောက်ခံမှုများ လျော့နည်းလာပြီး ယုံကြည်မှုလည်း ပျက်ပြားလာကာ သူ၏ညှိနှိင်းမှုအခန်းကဏ္ဍ (သိုမဟုတ် သူ၏အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုမှု) သည် ပိုမိုအရှိန်လျော့လာနေသည်။

NOM