13 ပတ် - ဘာသာပြန်ပါ။

မုဆိုးကြီးရဲ့ သုံးလုံး​သော ကြယ်
~~~~~~~~~~~~~~~~~~
ကြယ်​တွေကို ကြည့်ရတာ ကြိုက်သလား။ ညဘက် တိမ်ကင်းစင်​နေတဲ့ ​​ကောင်းကင်ကြီးကို ​မော့ကြည့်ကြည့်ပါ။ ဘယ်ဘက်လား၊ ညာဘက်လား။​ဦးခေါင်းကို ဘယ်ညာလှည့်ပြီး ​ကောင်းကင်တစ်ခွင်ကို ကြည့်ကြည့်ပါ။
ဘာ​တွေ့မလဲ။
သတိထားပြီး ​​​သေချာရှာကြည့်ရင် ကြယ်သုံးလုံးဟာ မျဥ်းတစ်​ကြောင်းလို တန်း​နေတာကို မြင်ရပါလိမ့်မယ်။ ဒီ ကြယ်သုံးလုံးဟာ ဘယ်အရပ်မှာပဲ ဖြစ်ဖြစ် တစ်တန်းတည်း ဖြစ်​နေတာကို ​တွေ့ရမှာပါ။
ကြယ်သုံးလုံးတန်း​နေတာက​တော့ ဟုတ်ပါပြီ။ ဒီကြယ်သုံးလုံးဟာ ဘာကြယ်​တွေလဲ။ ဘာ​တွေနဲ့ ဖွဲ့စည်းထားတာလဲ။ ဘယ်​နေရာမှာ ရှိတာလဲ။ ကြယ်သုံးလုံး တန်း​နေ​တော့ ​မေးခွန်း​တွေကလည်း တန်းစီပြီး ထွက်လာမှာပါ။
အ​ဖြေဟာ ကြယ်စု (Constellation) ဖြစ်ပါတယ်။ ကြယ်စုဆိုတာ ပုံသဏ္ဍာန်တစ်ခုခု​ပေါ်​နေတဲ့ ကြယ်အစုအ​ဝေးကြီး ဖြစ်ပါတယ်။ တစ်ခါတ​လေ တိမ်​တွေမှာ ရုပ်ပုံသဏ္ဍာန်​​​တွေ ​ပေါ်​နေသလိုမျိုးပါပဲ။ တကယ်​တော့ ကြယ်စု​တွေ​က ရုပ်ပုံ​တွေကို ဖော်​ပေးတာ မဟုတ််ဘဲ၊ သူ့ဘာသာ ရှိ​နေတဲ့ ကြယ်​တွေကို အရုပ်ပေါ်လာ​အောင် လူ​တွေက စိတ်ကူးယဥ်​ ရေးဆွဲကြတာ ဖြစ်ပါတယ်။
ကြယ်စုကို အနီးစပ်ဆုံး​ပြောရရင် ကျွန်​​တော်တို့ သိကြတဲ့ ၁၂ရာသီခွင် (Zodiac) ​တွေဟာလည်း ကြယ်စု​တွေရဲ့ အမည်​တွေပါ။ ဥပမာ၊ ကန် ကြယ်စုဟာ ဗာဂို - Virgoဖြစ်ပါတယ်။ ကရကဋ် ကြယ်စုဟာ ကန်ဆာ - Cancer။ မကာရ ကြယ်စုဟာ ကာပရီကွန် - Capricorn ဆိုသလိုပါ။ ကန်ကြယ်စုဟာ လုံမပျိုသဏ္ဍာန်၊ ကရကဋ်ကြယ်စုဟာ ကဏန်းနဲ့ မကာရကြယ်စုက​တော့ ဆိတ်သဏ္ဍာန် ​​ပေါ်​နေတာမျိုးပါ။
ဒီလိုပဲ အဲ့ဒီ ကြယ်သုံးလုံးပါဝင်တဲ့ကြယ်စုရဲ့ အမည်ဟာ ​​အော်ရီယွန် ကြယ်စု (Orion Constellation) ဖြစ်ပါတယ်။ ​အော်ရီယွန် - Orion ဟာ ဂရိဒဏ္ဍာရီလာ မုဆိုးတစ်ဦးရဲ့ နာမည်ဖြစ်ပါတယ်။ နာမည်နဲ့အလိုက် ဒီ ကြယ်စုဟာလည်း လူသားတစ်ဦးရဲ့ သဏ္ဍာန်​​​ပေါ်​နေပါတယ်။ ဒီ ကြယ်စုကို "Orion, the great hunter" လို့လည်း ​ခေါ်ကြပါ​သေးတယ်။ ​အော်ရီယွန် ကြယ်စုကြီးရဲ့ အသိသာ အထင်ရှားဆုံးနဲ့ လူ​တွေကို အဆွဲ​ဆောင်နိုင်​ဆုံး အပိုင်းက​တော့ ကြယ်စုရဲ့ အလယ်​မှာ ရှိ​နေတဲ့ ကြယ်သုံးလုံးဖြစ်ပါတယ်။ ကြယ် ညီအစ်ကို သုံး​ဖော်​ပေါ့။ ​နောက်ထပ် ထူးခြားတဲ့အချက်က ကြယ်စုမှာ အနီ​ရောင်ကြယ်ဘီလူး (The Red Giant Star) တစ်လုံးရော ပါဝင်​နေတာပါပဲ။ ဒီ ကြယ်ဘီလူးရဲ့ အမည်က​တော့ ဘီဒယ်လ်ဂျူ့စ် - Betelgeuse ပါ။
မှန်ပါတယ်။ အနီ​ရောင် ကြယ်ဘီလူးဆို​​တော့ အနီ​ရောင်​တောက်​နေမှာ​ပေါ့။ အဲ့ဒီ အနီ​ရောင်ကြယ်ဘီလူး​တွေဟာ ​နေထက် အရွယ်အစားပိုကြီးတဲ့ ကြယ်​တွေလည်း ဖြစ်ပါတယ်။ ​
အော်ရီယွန်ကြယ်စုကို အလိုက်သင့်ကြည့်ရင် ဒီ အနီ​ရောင်ကြယ်ဘီလူးဟာ ဘယ်ဘက် အစွန်နား​​လေးမှာ ရှိပါတယ်။ သူ့​အောက်ကို ဆင်းသွားရင် အထက်မှာ ​ပြောခဲ့တဲ့ ညီအစ်ကိုသုံး​​ဖော်ဆီကို ​ရောက်မှာပါ။ အနီ​ရောင်ကြယ်ဘီလူးကြီးရဲ့ ​အောက်တည့်တည့်က ကြယ်ဟာ အယ်လ်နီတက်ခ် - Alnitak ဖြစ်ပါတယ်။ သူ့​ရဲ့ နံဘေး၊ အလယ်မှာရှိတဲ့ ကြယ်က​တော့
အယ်လ်နီလမ်(မ်) - Alnilam ဖြစ်ပြီး ညာဘက် အစွန်ဆုံးကြယ်ဟာ မင်ထာကာ - Mintaka ဖြစ်ပါတယ်။
[ ပိုပြီး မြင်သာ​အောင် ဓာတ်ပုံရိုက်ပြထားပါတယ်။ ]
ဒီ ကြယ်သုံးလုံးထဲမှာ Alnitak ဟာ ကျွန်​​တော်တို့ ကမ္ဘာနဲ့ အနီးဆုံးဖြစ်ပြီး အလင်းနှစ် (Light year) ၇၃၆ နီးပါး အကွာမှာ တည်ရှိ​နေတယ်လို့ သိရပါတယ်။ Alnitak ဟာ အပြာ​ရောင်ကြယ်ဘီလူးကြီး (The Blue Super Giant) ဖြစ်ပါတယ်။ မျက်နှာပြင် အပူချိန်ဟာ ၂၉၇၂၆ ဒီဂရိီ ဆဲစီးယပ်စ် (၃၀၀၀၀ ကယ်လ်ဗင်- K) ရှိပြီး ​နေရဲ့ မျက်နှာပြင် အပူချိန်ထက် မြင့်ပါတယ်။ Alnitak ​နံဘေး၊ အလယ်က Alnilam က​တော့ မျက်နှာပြင်က​နေ များပြားလွန်းတဲ့ အပူစွမ်းအင်တွေ လွှတ်​ထွက်နေတာ​ကြောင့် Alnitak ထက်​တောင်မှ ပိုပြီး ​တောက်ပပါတယ်။ ​နောက်ဆုံးကျန်တဲ့ Mintaka က​တော့ Alnitak နဲ့ Alninam တို့နဲ့ မတူဘဲ၊ သူဟာ Multiple Star System တစ်ခုဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ ထူးခြားချက်ဖြစ်ပြီး Mintaka ဟာ ကမ္ဘာနဲ့ အနီးဆုံး​သော Multiple Star System တစ်ခုလည်း ဖြစ်ပါတယ်။
( Multiple Star System ဆိုတာ ကြယ်နှစ်လုံး (သို့) နှစ်လုံးထက် ပိုတဲ့ ကြယ်​တွေဟာ အချင်းချင်းလှည့်ပတ်​နေကြတာကို ဆိုလိုတာဖြစ်ပါတယ်။ Multiple Star System မှာရှိတဲ့ ကြယ်​တွေဟာ တစ်ခုနဲ့တစ်ခု နီးစပ်လွန်းတာ​ကြောင့် တစ်လုံးတည်းလို့ ထင်ရပါတယ်။ ဒီ Mintaka ကို ကျွန်​​​တော်တို့ အ​ဝေးက​နေ ကြည့်ရင် ကြယ်တစ်လုံးတည်းပဲလို့ ထင်​ကောင်းထင်မှာပါ။ တကယ်​တော့ သူဟာ Multiple Star System တစ်ခု ဖြစ်ပြီး သူ့မှာ ကြယ်နှစ်လုံးပါဝင် လှည့်ပတ်​နေပါတယ်။ )
ဒီ ကြယ်သုံးလုံး တစ်တန်းတည်းရှိ​နေတဲ့ ​နေရာကို ​အော်ရီယွန် ခါးပတ် (Orion's belt) လို့ ​ခေါ်ပါတယ်။ ကြယ်စုတစ်ခုလုံးဟာ ​လူပုံသဏ္ဍာန်ရှိ​နေပြီး ကြယ်သုံးလုံးတန်း​နေတဲ့ ​နေရာက​တော့ လူခန္ဓာရဲ့ ခါးပတ် ​နေရာမှာ ရှိ​နေလို့ပဲ ဖြစ်ပါတယ်။ ​အော်ရီယွန် ကြယ်စုကို အထက်က​နေ ကြည့်ချလာရင် Betelgeuse အရင်လာမယ်၊ သူ့​အောက်က Orion's belt လာမယ်၊ ​အောက်ဆုံးမှာ ​အော်ရီယွန် ကြယ်စုရဲ့ အ​တောက်ပဆုံး​သော ကြယ်တစ်လုံး ရှိ​​နေပါ​သေးတယ်။ သူ့အမည်က​တော့ ရီဂယ်လ် - Rigel ဖြစ်ပြီး ​အော်ရီယွန် ကြယ်စု လူသဏ္ဍာန်ရဲ့ ​ခြေ​ထောက်​နေရာမှာ ရှိ​နေပါတယ်။ ​
​အော်ရီယွန်ကြယ်စုဟာ သိပ္ပံပညာရှင်​တွေ ​ရှာ​တွေ့ခဲ့ဖူးသမျှ စိတ်ဝင်စားစရာ အ​ကောင်းဆုံး ကြယ်စု​တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ​ကောင်းကင်မှာ ကြယ်​တွေစုံစုံလင်လင်၊ လူစုံတက်စုံနဲ့ စကားဝိုင်းဖွဲ့​နေကြတဲ့ ညဟာ လူသား​တွေရဲ့ အာရုံကို အဖမ်းစားနိုင်​ဆုံး​သော ညလည်း ဖြစ်ပါတယ်။ ​​ဒါ​ကြောင့် ဒီကြယ်​တွေ ဘာပြော​နေကြသလဲ ဆိုတာကို သိချင်ရင် ညဘက် အပြင်ကိုထွက်ပြီး ​ကောင်းကင်ကို ​မော့ကြည့်ကြည့်ပါ။ သူတို့က သူတို့ရဲ့ အ​ကြောင်းကို ​ပြောပြပါလိမ့်မယ်။ ​သူတို့ဟာ ဘာ​ကြောင့်လင်း​နေတယ်။ ဘာ​ကြောင့် မှိတ်တုတ်၊ မှိတ်တုတ် ဖြစ်​နေရတယ်။ ဘာကြယ်စုဖြစ်တယ်။ သူတို့ဟာ ဘယ်လို စိတ်ဝင်စားဖို့​​ကောင်းတယ်။
ဒီ အော်ရီယွန်ကြယ်စုဟာ "ငါဟာ ​အော်ရီယွန်ပဲ။" လို့ ကျွန်​တော့်ကို စူးစမ်းချင်​လာအောင် မိတ်ဆက်​နေသလိုမျိုး​ပေါ့။

image