စိတ်ဖိစီးမှု (Stress)
(စိတ်ဖိစီးမှုဆိုတာ ဘာလဲ?)
စိတ်ဖိစီးမှုဆိုတာ သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့စိတ်ခံစားမှုတစ်ခုလို့ ပြောနိုင်ပေမဲ့ တစ်ခါတရံတော့ အန္တရာယ် ဖြစ်နိုင်တဲ့ အခြေအနေ တစ်ခုထိပြောင်းလဲသွားနိုင်ပါတယ်။ တစ်နည်းအားဖြင့် စိတ်ဖိစီးမှုဆိုတာ သင်ကြုံတွေ့နေရတဲ့ စိတ်ပင်ပန်းမှုတွေ၊ ဖိအားတွေ အပေါ်မှာ သင့်ခန္ဓာကိုယ် က တုန့်ပြန် တဲ့ အရာတစ်ခုပါ။ ဖိအားတစ်ခုနဲ့ ကြုံတွေ့လာရပြီဆိုရင် သင့် ရဲ့ ဦးနှောက်အဖွဲ့အစည်းက stress ဟော်မုန်းထွက်လာပါတယ် ။ stress ဟော်မုန်းမှာ adrenaline နဲ့ cortisol ဆိုတဲ့ ဟော်မုန်းနှစ်မျိုးပါပါတယ်။
Stress ဟော်မုန်းထွက်လာရင်တော့ သင့်ရဲ့ နှလုံးခုန်မြန်လာမယ်၊ ကြွက်သားတွေတင်းရင်းလာမယ်၊ သွေးပေါင်တက်လာမယ် ၊ အသက်ရှူမြန်လာမယ် ၊ စိတ်ဆတ် လာမယ် စတာတွေဖြစ်နိုင်ပါတယ် ။ ဒါကို ‘ fight or flight ‘လို့ ခေါ်တဲ့’ ရင်ဆိုင်မလား၊ ထွက်ပြေးမလား ‘ တုံ့ပြန်မှုလို့ခေါ်တယ်။ စိတ်ဖိစီးမှုရဲ့ တုံ့ပြန်မှုတစ်မျိုးပေါ့ ။
စိတ်ဖိစီး မှု ဆိုတာ ယာယီ ခေတ္တ အခြေအနေမျိုးမှာတော့ သင့်ကို ခွန်အားအကြီးကြီးတွေပေးနိုင်ပါတယ်။ ဥပမာပြောရမယ် ဆိုရင် accident တစ်ခုဖြစ်မလာအောင်ကာကွယ်ဖို့ ကားဘရိတ်ကို ချက်ချင်းနင်း လိုက်တာမျိုးပေါ့ ။ စိတ်ဖိစီးမှုဟာစိန်ခေါ်မှုပေါင်းများစွာကိုလည်း ပြုလုပ်ပေးနိုင်ပါတယ် ။ သင့်အလုပ် ကိုလည်း အာရုံပို စိုက်နိုင်စေပါတယ် ။ သင် TV ကြည့်နေရင်းတောင်မှ ချက်ချင်းဆိုသလို စာကျက်ချင်စိတ် စာကြိုးစားချင်စိတ်ပေါ်လာနိုင်ပါသေးတယ် ။ ဒါပေမယ့် စိတ်ဖိစီးမှုဟာ ခဏခဏ ဖြစ်လာရင် သင့် အတွက်မကောင်းတော့ပါဘူး။စိတ်ရောဂါအခြေအနေတွေ ( စိတ်ကျခြင်း ၊ စိတ် အလွန်အမင်းပူပန် တတ် ခြင်း) ၊ နှလုံးရောဂါ ၊ သွေးတိုးရောဂါနဲ့ အူလမ်းကြောင်းပြဿနာ တွေပါ ခံစားလာရနိုင်ပါတယ်။
စိတ်ဖိစီးမှုကို လူအများစု ကြုံတွေ့ ရတတ်သလား?
ကြုံတွေ့ရတတ်ပါတယ် ။ အသက်အရွယ်မရွေးပါ ။ စိတ်ဖိစီးမှု ဖြစ်စေတဲ့ အရာတွေကိုရှောင်သင့်ပါတယ် ။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ ။
စိတ်ဖိစီးမှုရဲ့ လက္ခဏာတွေက ဘာတွေလဲ?
"ရုပ်ပိုင်းဆိုင်ရာ ၊စိတ်ပိုင်း ဆိုင်ရာ နဲ့ အပြုအမူ ပိုင်းဆိုင်ရာ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။"
"စိတ်တိုလွယ်မယ် ၊ မဝံ့မရဲဖြစ်လာမယ် ၊စိတ်ခံစားလွယ်မယ်"
"သင့်စိတ် ကိုထိန်းချုပ်ဖို့ခက်ခဲလာမယ်"
"သင့်စိတ်တည်ငြိမ်အောင် ကြိုးစားဖို့ ခက်ခဲလာမယ်"
"သင့်ကိုသင် တန်ဖိုးမထားတောဘူး ၊ အထီး ကျန်လာမယ် ၊ စိတ်ကျလာမယ်"
"တခြားသူတွေကိုရှောင်လာမယ် ၊ မတွေ့ချင်တော့ဘူး"
"အင်အားချည့်နဲ့ လာမယ်"
"ခေါင်းကိုက်လာမယ် ၊ အစာအိမ် မသက်မသာဖြစ်မယ် ၊ ကိုက်ခဲ နာကျင်မယ်"
"စိတ်ကစဥ့်ကလျားဖြစ်မယ် ၊စိတ်ပူပန်မယ်"
"အာရုံမစိုက်နိုင်တော့ဘူး။"
"ဆုံးဖြတ်နိုင်စွမ်းလျော့နည်းလာမယ်"
"အရာရာကို အကောင်းမမြင်တော့ဘူး"
"ခံတွင်းပျက်လာမယ်"
"စိတ်အာရုံတွေရှုပ်ထွေးလာမယ်"
အစရှိတာတွေကို ခံစားလာရနိုင်ပါတယ် ။ ဒီလိုခံစား လာရပြီဆိုရင်တော့ ဆရာဝန်အမြန်ဆုံး တိုင်ပင် ကုသသင့်နေပါပြီနော်။
ဘယ်အချိန်မှာဆရာဝန်နဲ့သွားရောက် တိုင်ပင်သင့်ပါသလဲ?
*စိတ်ဖိစီးမှုကို ကြာရှည်စွာခံစားနေရရင်ပေါ့*
-စိတ်ကျမယ် ၊စိတ်ပူပန်မယ်၊ လူမှု ဆက်ဆံရေးမှာ အခက်အခဲတွေရှိလာမယ် ။
-လိင်ပိုင်းဆိုင်ရာ ပြသနာတွေရှိလာမယ်
-အရေပြားပြဿနာတွေဖြစ်တဲ့ ဝက်ခြံ၊psoriasis (ဆိုရီရေးစစ်)လို့ခေါ်တဲ့ နီမြန်းတဲ့ အဖု အပိန့် တွေ
နဲ့ နှင်းခူရောဂါတွေ ခံစားလာရမယ်
-ဆံပင်ကျွတ်မယ် ၊ အစာအိမ်နာမယ် ၊ မူးဝေအော့အန်မယ် ၊ဝမ်းချုပ် ဝမ်းလျှောမယ် အစရှိတာတွေ
ခံစားလာရပြီဆိုရင်တော့ နီး စပ်ရာ ကျန်းမာရေး ဌာန သို့ သွားရောက်ကုသသင့်ပါပြီ။
ဘာတွေက စိတ်ဖိစီးမှုကိုဖြစ်စေတာလဲ
Stress ဖြစ်စေတဲ့ အရာတွေကို Stressors လို့ခေါ်ပါတယ် ။ ခန္ဓာကိုယ် ပြင်ပ က အရာတွေရှိနိုင် သလို အတွင်းထဲက အရာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ တခါတရံ ထိခိုက်မှု တစ်စုံတစ်ခု ရဲ့ နောက်ဆက်တွဲ အနေနဲ့ လည်း stress ဆိုတာ ဖြစ်ပေါ်လာနိုင်ပါသေးတယ် ။
ခန္တာကိုယ်ပြင်ပကအရာတွေကတော့.....
-ဘဝ အခြေအနေ ကြီးကြီးမားမား ပြောင်းလဲမှုတွေ
-အလုပ် သို့မဟုတ် ကျောင်းမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ
-အချစ်ရေးမပြေလည်မှု
-စီးပွားရေး အကြပ်အတည်းတွေ
-အလုပ်အရမ်းရှုပ်တာတွေ
-ကလေး နဲ့ မိသားစု ပြဿနာ တွေပဲဖြစ်ပါတယ်
-ခန္ဓာကိုယ် အတွင်းက စိတ်ဖိစီးမှု ဖြစ်စေတဲ့ အရာတွေကတော့
နာတာရှည် ရောဂါတွေ ( နှလုံးရောဂါ ၊ဆီးချို နဲ့ အဆစ်အမြစ်ရောင် ရောဂါ)
စိတ်ခံစားမှု အခြေအနေတွေ ( စိတ်ကျ ခြင်း ၊ ဝမ်းနည်းလွယ်ခြင်း ၊ မိမိကိုယ်ကို အပြစ်ရှိသူ တစ်ယောက်လို ခံစားရခြင်း နဲ့ မိမိကိုယ်ကိုယုံကြည်မှု နည်းပါးခြင်း၊ မကောင်းမြင်စိတ်များခြင်း ၊ ယုတ္တိမရှိတဲ့ အရာများကိုစိတ်ကူးယဉ်ခြင်း နဲ့ အလျော့အတင်းမရှိဘဲ ခေါင်းမာခြင်းတို့ ) တို့ကြောင့် stress ဖြစ်ပေါ်လာတတ်ပါတယ်။
#ဆက်ရန်
