1 ပတ် - ဘာသာပြန်ပါ။

ဖုန်းထဲကနေ ငလျင်အခြေအနေ ကြည့်လို့ရတဲ့ နည်းလမ်းတွေ
အရေးပေါ် အခြေအနေမှာ ကိုယ်နဲ့အမြဲလိုလို ရှိနေတဲ့ ဖုန်းက အသက်ကယ်ပစ္စည်း ဖြစ်ဖို့ လိုပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာတုန်းက ကယ်လီဖိုးနီးယားမှာ ပြင်းအား ၅.၁ မဂ္ဂနီကျူ့ဒ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခဲ့ပါတယ်။ ဒီငလျင်က အတော်အတန်ပြင်းအားမြင့်ပေမယ့် ထိခိုက်မှုတွေ မရှိခဲ့ပါဘူး။ ငလျင်မလှုပ်ခင်လေးမှာ အဲ့ဒီဒေသကလူတွေ ဖုန်းထဲ ငလျင်အသိပေးချက်တွေ တက်လာခဲ့လို့ပါ။
ဒါမျိုး မနှစ်ကလည်း ကယ်လီဖိုးနီးယားမှာပဲ ဖြစ်ဖူးပါတယ်။ ဘိတ်ကားစ်ဖီးလ်ဒ်မြို့တောင်ဘက် ဗဟိုပြုပြီး မဂ္ဂနီကျူ့ဒ် ၅.၄ ငလျင်တစ်ခု မဖြစ်ခင်မှာ အဲ့ဒီဒေသခံတွေရဲ့ ဖုန်းမှာ ငလျင်အသိပေးချက်တွေ စက္ကန့် ၃၀ ကြာအောင် မြည်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပိုင်း Google ကလည်း အမေရိကန်ပထဝီဝင်လေ့လာရေးအသင်း USGS အပါအဝင် တက္ကသိုလ်ပညာရှင်တွေနဲ့ ပေါင်းပြီး ငလျင်မလှုပ်ခင် စက္ကပိုင်းအလိုမှာ ကနဦးသတိပေးတဲ့စနစ်မျိုး ဖန်တီးလာပါတယ်။ ငလျင်မကြုံခင် စက္ကန့်ပိုင်းအတွင်း လုံခြုံဘေးကင်းရာခိုနိုင်ဖို့ ဖန်တီးလိုက်တဲ့ စနစ်ပါ။
Android 15 မှာဆို ငလျင်အချက်ပေးနည်းပညာသုံး Earthquake Alert ဆိုတဲ့ feature တစ်ခု ပါလာပါတယ်။ ဒီ feature က Settings ထဲက Safety & Emergency ကနေ Earthquake Alerts ကို ဖွင့်ပြီး alert on ထားရမှာပါ။ Google Pixel ဖုန်းတွေ Samsung နဲ့ OnePlus တွေမှာ ရနေပြီ ဖြစ်ပါတယ်။
အန်းဒရိုက်ဖုန်းတွေမှာက ငလျင်တိုင်းကိရိယာ seismometer လိုမျိုး အရှိန်တိုင်း sensor ပါပါတယ်။ ငလျင်လှိုင်းတွေ ထောက်လှမ်းမိတာနဲ့ ဖုန်းပိုင်ရှင်ကို ငလျင်ပြင်းအားနဲ့ တည်နေရာတွေ အသိပေးနိုင်ပါတယ်။ ငလျင်ဒေတာတွေ သိနိုင်ဖို့တော့ ကိုယ့်ဖုန်းမှာ အင်တာနက်နဲ့ တည်နေရာ ဖွင့်ပေးထားရမှာပါ။
Earthquake alert က real-time ငလျင်အချက်ပေးတာ လုပ်နိုင်တယ်ဆိုပေမယ့် ၄.၅ မဂ္ဂနီကျူဒ့်နဲ့အထက် ပြင်းအားမြင့် ငလျင်တွေပဲ အသိပေးတာမျိုး လုပ်ပါတယ်။ iPhone ပိုင်ရှင်တွေကတော့ Settings ထဲက Notification ကို သွားပြီး Emergency Alerts ဖွင့်ထားလို့ ရပါတယ်။
Apps ထဲကဆိုရင် ကယ်လီဖိုးနီးယားတက္ကသိုလ် မြေငလျင်သုတေသနက ထုတ်တဲ့ MyShake ၊ ဥရောပ-မြေထဲပင်လယ်ငလျင်စင်တာက ရေးဆွဲထားတဲ့ LastQuake နဲ့ Earthquake Alerts Tracker ၊ Earthquake Zone စတဲ့ apps တွေကလည်း real-time ငလျင်အချက်ပေးအတွက် အတော်အဆင်ပြေပါတယ်။
ငလျင်ဘေးကို ကြိုပြီး မခန့်မှန်းနိုင်သေးပေမယ့် ငလျင်မလှုပ်ခင် စက္ကန့်ပိုင်းလောက် ကြိုသိမယ်ဆိုရင် ဘေးကင်းအောင် ကာကွယ်ဖို့ အခွင့်အရေးပိုရနိုင်ပါတယ်။ အခုပြောခဲ့တဲ့ features နဲ့ apps တွေ ထည့်ထားမယ်ဆိုရင် အရေးပေါ်အခြေအနေမှာ ဖုန်းက အသက်ကယ်ပစ္စည်း ဖြစ်လာမှာပါ။

image