1 w - Translate

အမျိုးသမီးတွေရဲ့ အချစ်ဟာ ဘဝတစ်ခုလုံးဖြစ်ပြီး
အမျိုးသားတွေရဲ့ အချစ်ကတော့ သူတို့ဘဝရဲ့
အနည်းငယ်သော အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်တယ်တဲ့ ။
လက်ထပ်ခြင်းဟာ ကြိုးတစ်ချောင်းဆိုရင် အဲဒီကြိုးဟာ လင်ယောက်ျားကို ချည်တဲ့ ကြိုးမဟုတ်ခဲ့ဘဲ
မိန်းမသားကိုပဲ ချည်တဲ့ကြိုး ဖြစ်တယ် ။
မောင်နဲ့ ပေါင်းဆုံဖို့ ကိုယ့်ဘက်ကနေ
ခြေလှမ်း တစ်လှမ်းချင်း
လှမ်းလာတဲ့ အချိန်မှာ မောင့်ဘက်က
ခြေလှမ်း ဘယ်နှစ်လှမ်း လှမ်းလာခဲ့လို့လဲ ???
ချစ်သူကို ပြုစုယုယတယ်ဆိုတာ
ကျွန်တစ်ယောက်က သခင်တစ်ယောက်ကို
ပြုစုသလိုမျိုး မဟုတ်ဘူး မောင် ။
မိခင်က သားကို အမက မောင်ကို
ပြုစုယုယသလိုမျိုး ယုယတာ
အဲ့ဒီလိုမျိုး ပြုစုတာ အဲ့ဒါ ကျိုးနွံမှု မဟုတ်ဘူး
အဲ့ဒါ အချစ်....
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်အပေါ်
သူ့အသက်မက ချစ်မြတ်နိုးရင်
တပြိုင်နက်တည်းမှာပဲ နာကျည်းစွာ မုန်းတီးနိုင်တယ် .
ကမ္ဘာပေါ်မှာ ကိုယ် အမုန်းဆုံး ယောက်ျားက
မောင်လို့ ပြောရင် မောင် သံသယကင်းကင်းနဲ့
ယုံလိုက်ပါ မောင်...
#မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက် #ဂျူး

image