1 ပတ် - ဘာသာပြန်ပါ။

ဓါတ်ခွဲခန်းက ထုတ်တဲ့ သုတ်ပိုး နဲ့ မမျိုးဥ တွေကနေ ကလေး မွေးဖွားနိုင်မှာ ဖြစ်ပြီး မိဘတွေက ကလေးရဲ့ လိင်၊ ကျန်းမာရေး၊ ဉာဏ်ရည်နဲ့ ရုပ်ရည်ကို ရွေးချယ်နိုင်မည်
==============================================================

လိင်တူ စုံတွဲ၊ သက်ကြီးရွယ်အိုနဲ့ ကျန်းမာရေး အခြေအနေကြောင့် အပါအဝင် ကလေး မရနိုင်သူတွေ အတွက် ဓါတ်ခွဲခန်းက ထုတ်တဲ့ သုတ်ပိုး နဲ့ မမျိုးဥတွေကနေ ကလေး ရရှိအောင် ပြုလုပ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီနည်းပညာကို In-vitro Gametogenesis (IVG) လို့ ခေါ်ပြီး လူ့ အရေပြား သို့မဟုတ် သွေးဆဲလ်တွေကနေ သုတ်ပိုးနဲ့ မမျိုးဥကို ဖန်တီးတာ ဖြစ်ပါတယ်။

ဒီနည်းပညာမှာ ထူးခြားတာက ဓါတ်ခွဲခန်းက ထုတ်တဲ့ သုတ်ပိုး နဲ့ မမျိုးဥ တွေကနေ ကလေး မွေးဖွားနိုင်မှာ ဖြစ်ပြီး မိဘတွေက ကလေးရဲ့ လိင်၊ ကျန်းမာရေး၊ ဉာဏ်ရည်နဲ့ ရုပ်ရည်ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ တော်တော်မိုက်တဲ့ နည်းပညာ ဖြစ်ပါတယ်။ ဒီနည်းပညာရဲ့ နောက်ထပ် အားသာချက်က မျိုးရိုးလိုက်တဲ့ ရောဂါတွေကို လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။

လက်ရှိမှာ IVG ကို တိရိစ္ဆာန်တွေမှာ စမ်းသပ်နေပြီ ဖြစ်ပြီး လူတွေမှာ စမ်းသပ်ဖို့ နှစ်ပေါင်းများစွာ ကြာမြင့်ဦးမှာ ဖြစ်ပါတယ်။

image