1 w - Translate

ဘူဘူချင်း ပြိုင်မယ့်ပွဲ (သို့) Thant Zin Vs Petsukumvit Boi Bangna
လာမယ့် ဧပြီလ ၁၈ ရက်နေ့မှာ ကျင်းပမယ့် One Friday Fight 105 မှာ သန့်ဇင်ပွဲရှိပါတယ်။ ပြိုင်ဘက်ကတော့ ထိုင်းနိုင်ငံသား Petsukumvit Boi Bangna ပါ။ ONE မှာ ခုနှစ်ပွဲထိုးပြီး နောက်ဆုံး လေးပွဲဆက် ရှုံးထားပါတယ်။
ဒါပေမဲ့လည်း ပြိုင်ဘက်တွေက တကယ့် ဒိတ်ဒိတ်ကြဲတွေချည်းမို့ ONE က သန့်ဇင်ကို ပွဲကောင်းပေးထားတယ်လို့တော့ ခံစားရပါတယ်။ ဒါတင်မက Rajadamnern Muay Thai Word Champion နှစ်ခါတောင် ဖြစ်ဖူးထားပါတယ်။
ခေသူမဟုတ်တာကြောင့် သန့်ဇင်အနေနဲ့ အလွယ်လေး နိုင်မယ်လို့တော့ မထင်ပါဘူး။ ဒါပေမဲ့လည်း မာဂုဏ်အားနည်းတဲ့ သန့်ဇင်တစ်ယောက် သေချာပြင်ဆင်နိုင်မယ်ဆိုရင်တော့ အဆင်ပြေပြေ ဖြစ်လာနိုင်ပါတယ်။
အသက်ငယ်သေးပေမဲ့ ဒီတိုင်း ဆက်သွားနေရင်တော့ ဘူက ဘူပဲ ဖြစ်မှာပါ။
ဘူကနေ တစ်ဖြစ်ဖို့ စောစောစီးစီး ပြင်ဆင်ပြီး အောင်မြင်မှုတွေ ရဖို့ မျှော်လင့်ပါတယ်။

image