13 w - Translate

⚡သတိပြုရန် ⚡
ဘဏ်ငွေလွှဲ ပြေစာ အတုတွေ ဖန်တီးပေးနိုင်တဲ့ ChatGPT
=======================================
Mobile Banking နဲ့ Mobile Payment တွေကနေ ငွေလွှဲ၊ ငွေလက်ခံ ပြုလုပ်တဲ့အခါမှာ ငွေလွှဲ ပြေစာ Screenshot တွေကို ယုံကြည်လို့ မရတော့ပါဘူး။ ChatGPT က အဲဒီ ပြေစာ အတုတွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ အဲဒီအတွက် သင့် အကောင့်ထဲကို ငွေတကယ်ဝင်သလားဆိုတာကို သေသေချာချာ စစ်ဆေးရတော့မှာ ဖြစ်ပါတယ်။
Kafaak အမည်ရ Facebook Page တစ်ခုက ChatGPT ဟာ ဖုန်းကနေ ဘဏ်ငွေလွှဲတဲ့ ပြေစာ အတုတွေကို ဖန်တီးပေးနိုင်တယ်ဆိုတာကို သက်သေနဲ့ ပြသလိုက်ပါတယ်။ Kafaak က ဝါရင်းဘတ်ဖတ် က သူ့ထံ ထိုင်း ဘတ်ငွေ ၄၀၀,၀၀၀ လွှဲတဲ့ ငွေလွှဲပြေစာ အတု တစ်ခုကို ChatGPT ကို အသုံးပြုပြီး ဖန်တီးပြထားပါတယ်။ အဲဒီ ပြေစာဟာ အစစ်နဲ့ တော်တော်တူတဲ့အတွက် ငွေလွှဲပြေစာတွေကို မယုံကြည်ကြဖို့ Kafaak က သတိပေးထားပါတယ်။ သူက ChatGPT ဟာ Transaction IDs တွေကိုပါ အတု ပြုလုပ်ပေးနိုင်တယ်လို့ ပြောပါတယ်။
Kafaak က ငွေလွှဲပြေစာ အတုကို သတိပေးတဲ့ ပို့စ်ကို Facebook Page မှာ တင်ထားပြီး မတ်လ ၂၇ ရက်နေ့မှာ အဲဒီပို့စ်ဟာ လူသိများသွားပါတယ်။ Reaction ၁၀,၀၀၀ ၊ Comment ၂,၀၀၀ နဲ့ Share ၂၃,၀၀၀ ရခဲ့ပါတယ်။
တချို့က လူလိမ်တွေကို နည်းလမ်းပြထားတဲ့အတွက် ဝေဖန်ထားကြပြီး တချို့က သတိပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောထားကြပါတယ်။
Ref : Nation Thailand

image