1 ပတ် - ဘာသာပြန်ပါ။

ကိုယ်နဲ့ အတွေးအမြင် မတူတိုင်း ၊ ခံယူချက် မတူတိုင်း ကိုယ်နဲ့ စိတ်သဘောထား မတိုက်ဆိုင်ဘူးလို့ ပုံကြီးချဲ့ ပြောလို့မရပါဘူး ။ သူ ကြိုက်တာ နဲ့ ကိုယ်ကြိုက်တာ မတူရင် အကြိုက်မတူတာ သက်သက်ပါပဲ ။ ကိုယ်က နားမလည်ရင်တောင် သူတို့ ရပ်တည်နေရတဲ့ အကြောင်းအရင်းက သက်သက်ရှိနေမှာပဲလေ ။ တစ်ဖက်လူရဲ့ ရပ်တည်ချက်အတိုင်း လိုက်ကြိုက်ပေးစရာ မလိုဘူး ။ “ သူဘာလို့ အဲ့ဒါကြီး ကြိုက်တာလဲကွာ ၊ ငါတော့ နားမလည်ပါဘူး ” ဆိုလည်း နားမလည်လို့ ရသေးတယ် ။
ရပ်တည်နေသူရဲ့ ရှေ့မှာ အပုပ်မချဖို့ ၊ မကောင်းမပြောဖို့ဘဲ လိုတာ ။ ဒါ Role တစ်ခုပဲ ။ ဒီ Role က ကျွန်တော်တို့ကို လူတောတိုးနိုင်အောင် ကူညီပေးပါလိမ့်မယ် ။
#ခင်မင်ရင်းနှီးမှုတံတားများ

image