ကိုယ့်မှာ စိတ်ပိုင်းဆိုင်ရာ အခက်အခဲရှိလာပြီ ၊ ပြဿနာတစ်ခုက ထပ်ခါထပ်ခါ ဖြစ်လာနေပြီဆိုရင် ငါ ဘာပြင်ဖို့ လိုနေလဲလို့ ကိုယ့်အတွင်းကို ကိုယ်လှည့်ဖို့ အလွန်အရေးကြီးပါတယ် ။
လူဟာ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးလို့ ပြောကြတယ် ။ ဒါပေမယ့် လူမှာ ကိုယ့်ကိုယ်ကိုယ် ထက်တောင် သာလွန်သွားတဲ့ တန်ဖိုးရှိတာ တစ်ခု ရှိရအုံးမယ် ။
အတ္တက Very tricky နော် ။ အတ္တကို လျော့လျော့ပေါ့ပေါ့ တွက်ရင် ခံရဖို့ သေချာတယ် ။ အတ္တ နှိပ်စက်တာ မခံရဖို့ သူ့ထက်သာလွန်တဲ့ တန်ဖိုးရှိတာ တစ်ခုကို တည်ဆောက်ထားမှ ရမယ် ။ အဲသလို လုပ်မထားရင် အတ္တက ငါသာအရေးကြီးဆုံး ငါ့ခံစားမှုတွေသာ အရေးအကြီးဆုံးလို့ ပြောနေမှာ ။ သေတဲ့ထိပြောနေမှာ ။ ကိုယ်က သူပြောတာ အဟုတ်ထင်ပြီး လိုက်လုပ်နေမှာ ။ ကြာလေ အရူးရင့်လေပဲ
အရာရာဟာ သူ့တန်ဖိုးနဲ့သူ ရှိပါတယ် ။ အလုပ်ဟာ သူ့တန်ဖိုးနဲ့သူရှိသလို မိသားစုဘဝဟာလည်း သူ့တန်ဖိုးနဲ့သူ ရှိပါတယ် ။ အချစ်ဟာလည်း သူ့တန်ဖိုးနဲ့ သူရှိပါတယ် ။ သူ့နေရာနဲ့သူ ထားတတ်ရင် သူ့တန်ဖိုးက အမြင့်ဆုံးပါ ။ ကိုယ့်ကိုယ်ကိုယ်ထက်တောင် သာလွန်သွားတဲ့ ကိုယ် တကယ်ချစ်တာကို လုပ်နေပါ ။
ဉာဏ်အမြော်အမြင်ကို ရှာဖွေပါ ။ အကယ်၍ ကိုယ်ကသာ ဉာဏ်အမြော်အမြင်ကို ရှာဖွေ တွေ့ရှိမယ်ဆိုရင် ကျန်တာ သူ့ အလိုလို ရောက်လာလိမ့်မယ်လို့ ယုံကြည်ထားနိုင်ပါတယ် ။
#ထက်ထက်ထွန်း (Waterfall)
