1 ပတ် - ဘာသာပြန်ပါ။

ဒိုမီနီကန် နိုက်ကလပ်အမိုးပြိုကျမှု လူ ၈၀ နီးပါးသေပြီး ၁၅၀ ကျော်ဒဏ်ရာရ
ဆန်တိုဒိုမင်ဂို၊ ဧပြီ-၉-၂၀၂၅
ရတီ(VOM)
ဒိုနီနီကန်နိုင်ငံ မြို့တော်ဆန်တိုဒိုမင်ဂိုရှိ နိုက်ကလပ်တစ်ခု အမိုးပြိုကျမှုကြောင့် လူ ၈၀ နီးပါး သေဆုံးပြီး ၁၅၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးသမားတွေက အတည်ပြုပြောဆိုပါတယ်။
ဂျက်ဆက်နိုက်ကလပ်မှာ နာမည်ကျော်အဆိုတော် ရူဘီပီရက်စ်ဖျော်ဖြေနေချိန်မှာ ဒီမတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အခင်းဖြစ်ချိန်မှာ လူရာနဲ့ချီပြီး နိုက်ကလပ်ထဲမှာ ရှိနေခဲ့ပါတယ်။ ဒီဖြစ်စဉ်အတွင်း သေဆုံးသးတွေထဲမှာ မေဂျာလိဂ်ဘေဘော့စ်ကစားသမားဟောင်းတယောက်နဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတယောက်တို့လည်း ပါဝင်နေပါတယ်။
ဂျက်ဆက်နိုက်ကလပ်ဟာ တနင်္လာနေ့ညနေတိုင်း တေးဂီတဖျော်ဖြေပွဲတွေ ပြုလုပ်လေ့ရှိပြီး နိုင်ငံရေးသမား၊ အားကစားသမားနဲ့ အခြားထင်ရှားကျော်ကြားသူတွေလာရောက်လေ့ရှိပါတယ်။ လက်ရှိမှာတော့ ကယ်ဆယ်ရေးသမား ၄၀၀ ကျော်ဖြန့်ကြက်ပြီး ကယ်ဆယ်ရေးတွေ ဆက်လုပ်နေပါတယ်။
ပြိုကျနေတဲ့ အမိုးအောက်မှာ ပိတ်မိနေသူအများအပြား ရှိနေတာကြောင့် သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ပိတ်မိနေသူတွေထဲမှာ အသက်ရှင်သူအများအပြားရှိတယ်လို့ အရေးပေါ်ဌာန တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိချိန်ထိ နိုက်ကလပ်ပြိုကျမှုဟာ ၁၂ နာရီနီးပါးကြာမြင့်လာခဲ့ပြီး အပျက်အစီးတွေကို ကယ်ဆယ်ရေးသမားတွေက ရှင်းလင်းနေပြီး နိုက်ကလပ်အတွင်းရှိ နေရာသုံးခုကို ဝင်ရောက်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ သမ္မတ မန်နျူရယ်မန်ဒက်ဇ်က ထုတ်ပြန်ထားပြီး ဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ညွှန်ကြားထားပါတယ်။
Ref:BBC

image