အမွှေးရနံ့ပါလာမယ့် Infinix ဖုန်းအသစ်
“ သင့်ရဲ့ကိုယ်ပိုင်စမတ်ဖုန်းမှာ ထူးခြားတဲ့အနံ့တစ်မျိုးရှိနေစေချင်ပါသလား ? Infinix က သင့်ဆန္ဒကို ဖြည့်ဆည်းပေးပါတော့မယ်” ဆိုပြီး Infinix ကနေ ကြေညာလိုက်ပါတယ်။
Infinix က လာမယ့် ဧပြီ 18 မှာ Note 50S 5G+ ဆိုတဲ့ ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်သွားမှာပါ။ နောက်ပြီး ဒီဖုန်းက ကမ္ဘာ့ပထမဆုံး အမွှေးရနံ့ပါလာတဲ့ဖုန်းအဖြစ် စံချိန်တင်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။
Scent Tech ဆိုတဲ့ ဖုန်းကျောဘက်အဖုံးကနေ အမွှေးရနံ့ထုတ်လွှတ်ပေးတဲ့ နည်းပညာကို ဒီဖုန်းထဲမှာ ထည့်သွင်းအသုံးပြုထားတာပါ။ ဒီနည်းပညာက Capsule လေးတွေထဲမှာ အနံ့ပါတဲ့ မော်လီကျူးတွေကို ထည့်သွင်းထားတာလို့ ဆိုပါတယ်။ ထုတ်လွှင့်တဲ့အမွှေးရနံ့က အပူချိန်နဲ့ စိုထိုင်းဆပေါ်မူတည်ပြီး ဖုန်းကိုအသုံးပြုတဲ့အခါ ဖြည်းဖြည်းချင်းထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။
Note 50S 5G+ ကို အရောင် ၃ မျိုးမိတ်ဆက်မှာဖြစ်ပြီး Marine Drift Blue မှာသာ အမွှေးရနံ့ပါဝင်မှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ လက်ရှိခန့်မှန်းအရ ဒေါ်လာ 200 ကနေ 300 ကြားရှိပါမယ်။ Infinix CEO ဖြစ်သူ Anish Kapoor ကတော့ ဖုန်းမှာပါဝင်တဲ့ ဒီအမွှေးရနံ့ဟာ သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝကို ပိုမိုလန်းဆန်းစေမှာပါ “လို့ ဆိုခဲ့ပါတယ်။
