1 w - Translate

ဟာလဝါကြက်ဒရစ်ကို ဂိုးပြတ်ဖုတ်ပြီး ချန်ပီယံလိဂ် အိပ်မက်ကို ပုံဖော်လာနိုင်ခဲ့တဲ့ ရွှေဆင်နယ် 🔴
======================================
Review : Arsenal 3-0 Real Madrid
• ချန်ပီယံလိဂ်ကန်နေရသူများအပြင် မဆီမဆိုင် ချန်ပီယံလိဂ်မကန်ရသူတွေကပါ ပွဲမစခင်က အထင်အမြင်သေးတာခံနေရတဲ့ ဆင်ပျံကြီးဟာ ဒီနေ့မှာတော့ ဟာလဝါကြက်ဒရစ်ကို ကစားပုံအသာ၊ တဦးချင်း စွမ်းဆောင်ရည်အသာနဲ့အတူ ဂိုးပြတ်နိုင်ပွဲ ရအောင် စွမ်းဆောင်ခဲ့ပြီး အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်ဖလားအိပ်မက်ကို အသက်သွင်းထားနိုင်ခဲ့ပါတယ်။
• အာဆင်နယ်ရဲ့ ဒီနေ့ နိုင်ပွဲမှာ အသင်းသားတွေအားလုံးရဲ့ အခန်းကဏ္ဍဟာ အရေးပါခဲ့ပေမယ့် ဒေးဗစ်ဘက်ခမ်း ဝင်စားနေခဲ့တဲ့ ရွှေထမင်းရဲ့ ဖရီးကစ် နှစ်လုံးဟာ ပွဲကြည့်ပရိတ်သတ်တွေကို အံ့အားသင့်စေခဲဲ့သလို ပွဲရဲ့ ကြီးမားတဲ့ အလှည့်အပြောင်းကိုလည်း ဖြစ်စေခဲ့ပါတယ်။
• ကောင်းလှပါတယ်ဆိုတဲ့ ဘလွန်းဒီအောပြုတ် ဗင်နီနဲ့ လိပ်နင်ဂျာ အမ်ဘာပေတို့ရဲ့ တိုက်စစ်အတွဲကို တိုက်စစ်မှူးစစ်စစ် တစ်ယောက်မှ မပါတဲ့ ဆင်ပျံကြီးက အလဲထိုးပြခဲ့တာဟာ ဟာလဝါပရိသတ်အစစ်တွေရယ် ခေတ္တဟာလဝါပရိသတ်အတုတွေရယ်အတွက်တော့ ရင်နင့်စရာကောင်းလှပြီး အမ်းမရိတ်ကွင်းပတ်လည်မှာ ဗင်နီနဲ့ အဖွဲ့ကို လူပျောက်ကြော်ငြာကပ်ပြီး လိုက်ရှာနေတယ်လို့ သိရပါတယ်။

image