1 w - Translate

အခုမြင်တွေ့နေရတဲ့ ဖြူဖျော့ဖျော့ အစက်အပြောက်
ကလေးဟာ ကျွန်တော်တို့ နဂါးငွေ့တန်းဂလက်ဆီနဲ့ အလင်းနှစ် ၂.၅ သန်းအကွာမှာတည်ရှိနေတဲ့ အနီးဆုံးအိမ်နီးချင်း ဂလက်ဆီကြီး (Andromeda) အန်ဒရိုမီဒါ ပဲဖြစ်ပါတယ်။
ဒီအန်ဒရိုမီဒါ ဂလက်ဆီရဲ့ အချင်းဟာ အလင်းနှစ် ၂၂၀,၀၀၀ လောက်ရှိပြီး ကြယ်ပေါင်း ၁ ထရီလီယံကျော်ခန့် တည်ရှိနေတယ်လိုဆိုပါတယ်။
သိပ္ပံပညာရှင်များရဲ့ သုတေသနပြုချက်များအရ
ဒီအန်ဒရိုမီဒါဂလက်ဆီကြီးဟာ လက်ရှိမှာ ကျွန်တော်တို့ (Milky Way Galaxy) နဂါးငွေ့တန်းဂလက်ဆီ ဆီကို တဖြည်းဖြည်းခြင်း ချဉ်းကပ်လာနေပြီး ဒီဂလက်ဆီနှစ်ခုဟာ နောက်ထပ် နှစ်ပေါင်း ၃.၇၅ ဘီလီယံအကြာမှာ ပြင်းထန်စွာ တိုက်မိကြလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
#area51 #andromeda #galaxy #milkyway

image