1 w - Translate

စာဖတ်ပါ။
ဘာသာစကားသစ်တွေသင်ယူပါ။
ကွန်ပျူတာသင်တန်းတွေတက်ပါ။
ဂီတာတီးရတာ သဘောကျရင် ဂီတာတီးသင်ပါ။
ပန်းကလေးတွေကို ချစ်ရင် မခူးဆွတ်ခြင်းဖြင့်
မြတ်နိုးပေးပါ။
ခရီးသွားရတာ ကြိုက်နှစ်သက်ရင်
ငယ်ရွယ်တုန်းလေး ခရီးတွေ သွားပါ။
အလုပ်တွေဘကြိုးစားပြီး အိမ်မက်တွေကိုအကောင်အထည် ဖော်ပါ။
ပြည့်စုံလာတဲ့ တစ်နေ့ လိုအပ်နေတဲ့ လူတချို့ရဲ့
ဘဝကို ဖေးမကူညီပါ။
လဲကျရင် ပြန်ထ ပင်ပန်းရင် အနားယူပါ။
ဝမ်းနည်းစရာရှိရင် ပျော်ရွှင်ဖူးတဲ့
နေ့ရက်တွေကို သတိရပါ။
မအောင်မြင် သေးခင်မှာ ကိုယ့်ကို စွန့်ခွာသွားတဲ့
သူနဲ့ ကိုယ့်အနားရှိ နေပေးတဲ့သူကို ကောင်း
ကောင်း မှတ်ထားပါ။
စိတ်ကို ဖြူစင်အောင်ထား ကိုယ့်စိတ်ကို အရောင်ဆိုးမဲ့ သူတွေကို ဝေးဝေးက ရှောင်ပါ။
မှားမှား မှန်မှန် ဖြေရှင်းချက်တွေ မပေးနဲ့။
အချိန်က စကားပြော လိမ့်မယ်။
ကိုယ်လျှောက်မဲ့ လမ်းကိုသာ
အေးအေးဆေးဆေး ဆက်လျှောက်ပါ။
ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုဘူး။
တစ်ခုခုဆို မလုပ်နိုင်ပါဘူး ဆိုပြီး စိတ်ဓာတ်
ကျမနေနဲ့။
မင်းလောက် ထက်မြတ်တဲ့သူ ဆိုတာ မရှိဘူး။
ဒီကမ္ဘာကြီးမှာ လိုအင်ဆန္ဒတွေ အားလုံးတော့
ပြည့်ဝမှာ မဟုတ်ဘူး။
ဒါပေမဲ့ ကိုယ်ကြိုးစား သလောက်တော့
ကိုယ် အကျိုးခံစားခွင့် ရမှာပါ။
လှပတဲ့ နေထွက်ချိန်ကို မြင်နိုင်ဖို့
နည်းနည်းတော့ စောစောထ ရမှာပေါ့။
#credittotheowner

image