1 w - Translate

မန္တလေး
..............
မြို့သားတွေကိုလိုက်မကြည့်နဲ့
ခင်ဗျားကိုယ်တိုင်
မြို့ပြင်ရောက်သွားလိမ့်မယ်
ဖက်ထား
နာရီစင်ကိုဖက်ထား
နန်းမြို့ရိုးကိုဖက်ထား
ရှိနေတုန်းဝအောင်ကြည့်ထား
နောက်ဆို
ဧရာဝတီလည်းမသေချာတော့ဘူး
ရှမ်းရိုးမလည်းဖြူရင်ဖြူသွားမှာ
မန်းလေးတောင်နဲ့ဓာတ်ပုံတွဲရိုက်ထား
ကျောက်စာတွေအလွတ်ကျက်ထား
ဒါတွေလည်းမသေချာဘူး
တောင်သမန်ကို
အမှတ်တရလက်မှတ်ထိုးခိုင်းထား
မဟာမြတ်မုနိရောက်အမှတ်တရ
ငွေမပိုလည်းဝယ်ထား
ရွှေကျောင်းကြီး
သုဓမ္မာဇရပ်တန်း
ပန်တျာကျောင်း
နောက်ဆို
နှောင်းလူတွေကို
ကျိန်ပြောရင်ပြောနေရမှာ
သတိထား
သတိကြီးကြီးထား
ကြပ်ကြပ်သတိထား
သူတို့က
တတိတိနဲ့
ပိပိရိရိဖဲ့စားနေကြတာ
ခင်ဗျား
သိပ်မကျန်တော့ဘူးဆိုတာသိလား
အခုက
လမ်းအစုတ်တွေပေါ်က
ဘီးစုတ်ကလေးကြည့်ပြီး
ရင်မောရမဲ့အချိန်မဟုတ်တော့ဘူးကိုယ့်လူ
လာပါ
သေချာတုန်းလေး
စကားစမြည်ပြောရအောင်
ဒီကဗျာရေးပြီးရင်
ကျွန်တော်လည်း
စကားဝဲရင်ဝဲသွားမှာ ။
#ယဉ်ဝယ်ထက်