ဘိုင်ယန်က အော့စ်ဘတ်ကို အနိုင်ရခဲ့တာမို့ လေဗာကူဆင်တို့ မကစားခင် ၉ မှတ်ဖြတ်လိုက်ပါပြီ။ လက်ကျန်ပွဲ ၈ ပွဲသာ ကျန်တော့ပြီး ဘိုင်ယန်တို့ အမှတ်ပေးဖလားအတွက် အရမ်းအခြေအနေကောင်းနေပါပြီ။ ဆိုးဆိုးရွားရွား ခြေမချော်ဖို့ပဲ လိုပါတယ်။
ဟယ်ရီကိန်းအတွက်လည်း ပထမဆုံးဆုဖလားကို ကိုင်မြှောက်နိုင်ဖို့က လက်တကမ်းအကွာကို ရောက်လာပါပြီ။ တေ့လွဲတွေလွဲနေခဲ့တဲ့ အင်္ဂလန်သားက ဒီရာသီတော့ ဆုဖလားရဖို့အတွက် သေချာသလောက်ပါပဲ။ ဒါကိုမှ ထပ်လွဲရင်တော့လည်း သူ့ရဲ့ အရမ်းဆိုးရွားလွန်းတဲ့ ကံလို့ပဲ ထပ်ပြောရမှာပဲ။
အသင်းအတွက် ပြိုင်ပွဲစုံ ၃၄ ဂိုးအထိ သွင်းပေးထားတယ်။ လိဂ်ဂိုး ၂၃ ဂိုးအထိ ရှိပြီး ဒါကိုမှ သူ ဖလားမရခဲ့ဘဲ ထပ်လွဲရင်တော့ ဘာပြောရမှန်းတောင် မသိတော့ဘူး။ ဒါပေမယ့် ဒီတခါတော့ မလွဲလောက်ဘူးလို့ ထင်ပါတယ်။
