လီဝန်ဒေါစကီးတယောက် အန်တိုနီနဲ့အတွေ့မှာ ပေါင်ကြားထဲကနေပါ အထည့်ခံလိုက်ရပါတယ်။ အန်တိုနီက သူ့ကို ပတ်ပြေးပြီး ဘောလုံးပါ ယူသွားတော့မှာကိုလည်း သိလို့ ပြစ်ဒဏ်ဘောလုပ်လိုက်တဲ့အထိပါ ဖြစ်သွားခဲ့တာပါ။
သခင်ကြီးအန်တိုနီနဲ့တွေ့ရင် လီဝန်လည်း မခံနိုင်ခဲ့ပါဘူး။ အန်တိုနီတို့ စကေးလ်ပြချက်တွေက လီဝန်ဒေါစကီးကို ပြစ်ဒဏ်ဘောမလုပ်လုပ်အောင်ပါ ဖိအားပေးသလို ဖြစ်သွားခဲ့ပါတယ်။ ဒီပွဲက ၁-၁ သရေကျခဲ့ပြီး အန်တိုနီကို ဘာကာတို့ ဒီတခါလည်း မနိုင်ခဲ့ပါဘူး။
ယူနိုက်တက်မှာတုန်းကလည်း အန်တိုနီက ဘာကာကိုအနိုင်ယူခဲ့ဖူးပါတယ်။ ၂ကြိမ်ရင်ဆိုင်ခဲ့ရာမှာ ၂ကြိမ်စလုံး မရှုံးခဲ့တဲ့ မှတ်တမ်းပါ ရသွားပါတယ်။ 😃
