2 ပတ် - ဘာသာပြန်ပါ။

ဗင်နီစီးယပ်စ်ရဲ့ အဖြစ်ကတော့ မဟန်လှဘူး။ ၁၇ နှစ်ကြာပြီးနောက် ဘာနေဗျူးမှာ ဗလင်စီယာက နိုင်ပွဲ ရသွားခဲ့တယ်။ ဒီပွဲစဉ်မှာ တော်ဝင်သားတို့ရဲ့ စတားဘွိုင်းက ပင်နယ်တီလွဲသွားခဲ့တယ်။ ရီးရဲလ်မက်ဒရစ် ပလေယာဘဝ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။
ပင်နယ်တီလွဲတာက အစမ်းမဟုတ်ပေမယ့်လည်း ပင်နယ်တီမကန်ခင် ဗလင်စီယာဂိုးသမားနဲ့ကြားက လောင်းကြေးရှုံးသွားတာပါ။ ဒီအကြောင်းကို ဗလင်စီယာဂိုးသမားက
“ပင်နယ်တီမကန်ခင် ယူရို ၅၀ ကြေးလောင်းမလားလို့ ဗင်နီးစီးယပ်စ်ကို မေးလိုက်တော့ သူ့ဘက်ကပါ လောင်းကြမယ်လေလို့ ပြောတယ်။ ကျွန်တော်နိုင်သွားခဲ့တာပေါ့၊ ပွဲအပြီးရင်တော့ ယူရို ၅၀ ပေးမယ်လို့ ထင်တယ်၊ အခုတော့ မပေးသေးဘူး” ဆိုပြီးပြောပြလာတယ်။
ပင်နယ်တီမဝင်ခဲ့ပေမယ့် ဗင်နီစီးယပ်စ်က ချေပဂိုးတစ်ဂိုးကို ရယူပေးနိုင်ခဲ့တယ်။ သူသာဦးဆောင်ဂိုးရ သွားခဲ့ရင် တစ်မျိုးဖြစ်နိုင်တယ်ဆိုပေမယ့် ဗင်နီစီးယပ်စ်က သူ့တာဝန်သူတော့ ကျေခဲ့တယ်။ ဒါပေမယ့် ဘယ်ချိန်မှာ ရှုံးသွားတဲ့လောင်းကြေးကိုပေးမလဲ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။

image