13 w - Translate

ပြင်းထန်လှတဲ့ စကားလုံးတွေရဲ့ စွမ်းအားကို ကြည့်ရှုရမယ့်ရုပ်ရှင်

The Great Debaters
2007 ‧ Drama/Historical drama ‧ 2h 6m

စကားလုံးတွေရဲ့စွမ်းအားက ဘယ်လောက်ကြီးကြောင်းကို အားလုံးလည်းသိပါတယ်….
ကျွန်တော်တိုငယ်ငယ်ကဖတ်ဖူးခဲ့တဲ့ ခုံတော်မောင်ကျဘမ်းဆိုတာ
စာပေကျမ်းဂန်မှာ နှံစပ်ကျွမ်းကျင်တဲ့သလို စကားအရာမှာလည်း တစ်ဘက်ကမ်းခတ်ကျွမ်းကျင်

တဲ့အတွက်အကြောင့် ကျပန်းဆိုတာ သူ့ဆီကလာတာ အားလုံးလည်းသိမှာပါ…
ကျွန်တော်ဘာလို ဒါတွေပြောနေရလဲ ဆိုတော့ ဒီကားရဲ့နာမည်ကိုက The Great Debaters ဆိုတော့
ခင်ဗျားတိုလည်းမှန်းမိလောက်မှာပါ….
ကျွန်တော်တိုရဲ့ မင်းသားကြီး Denzel Washington က debate ပြိုင်ပွဲအတွက်လေ့ကျင့်ပေးရတဲ့
ပါမောက္ခအဖြစ်သရုပ်ဆောင်ထားတယ်….
သူကနေ့ဘက်ဆိုရင် ကျောင်းဆရာလုပ်ပြီးတော့ ညဘက်ဆိုရင်တော့  အလုပ်သမားလူတန်းစားအတွက် တက်ကြွလှုပ်ရှားသူဖြစ်တယ်…
ဒီကားက ဖြစ်ရပ်မှန်အပေါ်အခြေခံရိုက်ကူးထားတာဖြစ်လို  အဲ့ဒီ့အချိန်က အမေရိကန်ရဲ့ ခေတ်၊ စနစ်နဲ့ လူမှုဘဝကို လွဲမှန်းနေတဲ့ဟန်ပန်တွေ
မြင်နေရလိမ့်မယ်…ဒီကားကိုကြည့်မယ်ဆိုရင်  debate ပွဲတွေများစွာကြည့်ရမယ့်အပြင်
ဘယ်လိုယှဉ်ပြိုင်သင့်တယ်..ဘယ်လိုပြင်ဆင်သင့်တယ်..ဘယ်လိုယူဆထားသင့်တယ်ဆိုတာတွေလည်းတွေ့လိမ့်မယ်..
ခေတ်စနစ်ရဲ့ ဆိုးကျိုးတွေ…အဲ့ဒီအချိန်အခါက လွဲမှားနေတဲ့အယူအဆတစ်ချိုတွေ တွေ့ရလိမ့်မယ်…
နောက်ပြီး Debate ရဲ့ ခမ်းနားကြီးကျယ်ခြင်းတွေကိုလည်း လေ့လာပြီးသားဖြစ်နေလိမ့်မယ်…
ပြီးတော့ ဒီကားကြည့်နေစဉ်မှာ စကားလုံးတွေရဲ့ စွမ်းအားကိုသဘောကျလွန်းလို ခင်ဗျားဟာ
ကျေနပ်ပီတိဖြစ်တဲ့အပြုံးတွေလည်း ဝေနေလိမ့်မယ်….

image