Ensure ဗူးနဲ့ ကိုယ့်ကျင်ငယ်ရည်ကိုဖျော်ပြီး အသက်ဆက်ခဲ့ရတဲ့ Golden Country ဟိုတယ်ပြိုကျမှုမှ နာရီပေါင်း ၁၇၀ ကြာအသက်ရှင်ခဲ့သူ ❤️
မန္တလေး ၆၅ လမ်းပေါ်က Golden Country Hotel ဟာ မတ်လ ၂၈ ရက်နေ့ ငလျင်ဘေးဒဏ်ကြောင့် အောက်ဆုံးအလွှာတွေပြိုကျခဲ့ပါတယ်။ အဆိုပါ ဟိုတယ်ပြိုကျမှုကို တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရှာဖွေကယ်ဆယ်ခဲ့ကြပြီး ၆ ရက်တာ ပိတ်မိနေတဲ့ အမျိုးသားတစ်ဦးကို အသက်ရှင်လျှက်ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အဆိုပါ အမျိုးသားဟာ ပြိုကျပြီးပိတ်မိနေတဲ့အချိန်မှာ စားသောက်စရာဘာမျှမရှိသော်လည်း မိခင်အတွက် ဝယ်ယူလာတဲ့ Ensure ဗူးတွေကို ရေဓာတ်ဆုံးရှုံးမှုမရှိအောင် ရေလည်းမရှိတာကြောင့် သူ့ကျင်ငယ်ရေနဲ့ပဲ ဖျော်ပြီး အသက်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ အမျိုးသားဟာ တိုက်ပြိုကျမှုမှာ နာရီပေါင်း ၁၇၀ ကြာပိတ်မိပြီးမှ အသက်ရှင်လျှက်ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။
#crd
#celenews
