2 ပတ် - ဘာသာပြန်ပါ။

နစက ဥက္ကဋ္ဌ ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိ
ထိုင်းနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးတက်ရောက်ခဲ့သည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီ ၄ ရက်ညပိုင်းက အထူးလေယာဥ်ဖြင့် ထိုင်းနိုင်ငံ၊ ဒွန်မောင်းလေဆိပ်မှတစ်ဆင့်ပြန်လည်ထွက်ခွာလာရာ ည ၁၀ နာရီတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ပြန်လည်ရောက်ရှိလာခဲ့သည်။
ခရီးစဉ်အတွင်း၌ နစက ဥက္ကဋ္ဌသည် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး ဘင်းစတက်အဖွဲ့ဝင်နိုင်ငံများမှ အစိုးရအဖွဲ့အကြီးအကဲများနှင့်တွေ့ဆုံ၍ ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ကြောင့်ဖြစ်ပေါ် ကြုံတွေ့နေရသည့် အခြေအနေများ၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုထိရောက်စွာဆောင်ရွက်နိုင်ရန် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုများနှင့်ချစ်ကြည်ရင်းနှီးမှုဆိုင်ရာများကို ဆွေးနွေးနိုင်ခဲ့သည်။

image