2 ပတ် - ဘာသာပြန်ပါ။

ယောက်ျားတစ်ယောက်အနေနဲ့
သိထားသင့်တဲ့အချက် ၈ ချက်

၁-အမြဲမှတ်ထားပါ
တစ်ခြားယောက်ျားတစ်ယောက်က
ကိုယ့်ကောင်မလေးနဲ့ ပရောပရည်
လုပ်နေနိုင်တယ်ဆိုတာ ကိုယ့်ကောင်မလေးက
ဒီလိုလုပ်တာကို လက်ခံနေလို့ပါ။

၂-ကိုယ်ရုန်းကန်နေရတဲ့အချိန်မှာ ကိုယ့်အတွက်
ဆုတောင်းအားပေးမယ့် မိန်းကလေးမျိုးကိုရှာပါ
ပိုသာတဲ့လူနောက် လိုက်သွားမယ့်
မိန်းကလေးမျိုးကို မရှာပါနဲ့။

၃-မိန်းကလေးတစ်ယောက်အတွက်နဲ့
ကိုယ်ရဲ့ရည်မှန်းချက်ပန်းတိုင်တွေကို
လက်လွှတ်လိုက်တဲ့ ယောကျာ်းတစ်ယောက်က
နောက်ဆုံးမှာ နှစ်ခုလုံးကို ဆုံးရှုံးရတတ်တယ်။

၄-မိဘတိုင်းက သန်မာတဲ့သားကို
လိုချင်ကြတယ် ကလေးတိုင်းက သန်မာတဲ့
ဖခင်ကို လိုချင်ကြတယ် ညီမ အစ်မတိုင်းက
သန်မာတဲ့အစ်ကို မောင်ကို လိုချင်ကြတယ်
ဇနီးသည်တိုင်းက သန်မာတဲ့ခင်ပွန်းကို
လိုချင်ကြတယ်။

ယောကျာ်းရယ်လို့ ဖြစ်လာပြီးထဲက
ရွေးချယ်စရာတစ်ခုပဲရှိပါတယ်
အဲ့ဒါကသန်မာဖို့ပါပဲ။

၅-မိန်းကလေးတစ်ယောက်ကို
ရယ်မောအောင်လုပ်ဖို့သက်သက်နဲ့ ကိုယ့်ကို
အရှက်ခွဲပြီး လှောင်ပြောင်တတ်တဲ့သူဆိုတာ
ကိုယ့်ရဲ့သူငယ်ချင်း မဟုတ်ပါဘူး။
အထင်မမှားပါစေနဲ့။

၆-ဘယ်အရာမဆို စည်းမထား၊
မငြင်းဆိုပဲ အရာရာအနစ်နာခံ
လိုက်လုပ်ပေးနေတဲ့ ယောက်ျားတစ်ယောက်က
နောက်ဆုံးမှာ အသုံးချခံရတာ၊
မလေးမစားလုပ်ခံရတာတွေကိုသာ
ရပါလိမ့်မယ်။

၇-မိန်းကလေးတွေက သူတို့စိတ်ဝင်စားတဲ့
ယောက်ျားတွေကိုတော့ အချိန်ပေးတတ်ပေမယ့်
သူတို့စိတ်မဝင်စားတဲ့ ယောကျာ်းတွေကိုတော့
အကြောင်းပြချက်သာ ပေးတတ်ကြတယ်။

၈-ကိုယ်ကတန်ဖိုးမြင့် ယောက်ျားတစ်ယောက်ဆို
မိန်းကလေးတစ်ယောက်ရဲ့ အသွင်အပြင်၊ ခန္ဓာကို
ဘယ်တော့မှ Sexualize မလုပ်ပါနဲ့။

Credit to Steven

image