2 w - Translate

တစ်မိသားစုလုံးကို အိမ်ပြန်ခေါ်လာနိုင်ခဲ့ပြီလို့ သုခဒိုင်းမွန်းရဲ့ သမီးဖြစ်သူ နှင်းဆီလင်းဝင်းပြော 💔

ဆုံးပါးသွားတဲ့ မိသားစုတွေကို သယ်ထုတ်နိုင်ခဲ့ပြီးနောက် အခုမှပဲ အိမ်သို့ပြန်ခေါ်လာနိုင်တော့တယ်လို့ သူမက ပြောပါတယ်။ အမေအရမ်းကြိုက်တတ်တဲ့ မုန့်ဟင်းခါး၊ အမဖြစ်သူကြိုက်တတ်တဲ့ မုန့်အချိုအပြင် ခဲအိုအကြိုက် ဖရဲသီးနဲ့ တူမလေးအကြိုက် Jelly လေးတွေကိုစားဖို့ ထည့်ထားပေးတာပါ။ ပိတ်မိနေတဲ့အတောအတွင်းမှာ ရေအရမ်းဆာနေမှာပဲဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ ရေသောက်ဖို့ပါထားထားပေးသေးတာပါ။ အဆိုတော်ရဲနောင်ရဲ့ အမျိုးသမီး မိသားစုဝင်တွေဟာ Sky Villa Condo ပြိုကျမှုမှာ ပါဝင်ခဲ့ပြီး ရက်အတော်ကြာသည်အထိ အလျင်မီမကယ်ဆယ်နိုင်ခဲ့တဲ့နောက် မိသားစုဝင် ၄ ဦးလုံး ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

#crd
#celenews

image