2 ပတ် - ဘာသာပြန်ပါ။

Double cleansing ကို ညဘက်ပဲပြုလုပ်ပေးသင့်တယ်ဆိုတာ ရှေ့မှာပြောခဲ့ပြီနော်။

DC လုပ်တဲ့အခါ 1st step cleanser ကို များသောအားဖြင့် micellar water / cleansing milk / cleansing balm / cleansing oil တွေရွေးတတ်ကြတယ်📌 အကုန်လုံးက သုံးနေကျ water based cleanser မတိုင်ခင် သုံးရမှာဖြစ်ပြီး ဘယ်လိုအသုံးပြုရမလဲဆိုရင်...

✓ Micellar water - Cotton pad ထဲလိုသလောက်ထည့်ပြီး ခြောက်သွေ့နေတဲ့မျက်နှာပေါ် အနှံ့ပွတ်ပေးရမယ်။ ပြီးရင် ရေဆေးချပြီး မျက်နှာသစ်လိုက်သုံးပေးရုံပဲ။

✓ Cleansing Milk - အပေါ်က micellar water လိုသုံးချင်လဲဖြစ်တယ်။ မဟုတ်ဘဲ လက်နဲ့ပဲသုံးချင်တယ်ဆိုရင် လက်ထဲသင့်တင့်တဲ့ပမာဏထည့်ပြီး ခြောက်သွေ့နေတဲ့မျက်နှာပေါ်တင်, အနှံ့ပွတ်ပေးရမယ်။ ပြီးရင် ထုံးစံအတိုင်း ရေဆေးချပြီး မျက်နှာသစ်သုံးပေးရုံပါပဲ။

✓ Cleansing Balm - လက်ထဲကို အနဲအကျဉ်းယူပြီး အဆီအဖြစ်ပြောင်းလဲသွားအောင် အရင်ပွတ်ပေးရမယ်။ ပြီးရင် ခြောက်သွေ့နေတဲ့မျက်နှာပေါ်တင်, 30-60sec လောက် massage လုပ်ပြီး ရေဆေးချရုံပါပဲ။ အဲ့ဒါပြီးမှ မျက်နှာသစ်လိုက်သုံးပေးပေါ့နော်။

✓ Cleansing Oil - Cleansing balm လိုပဲ ခြောက်သွေ့နေတဲ့မျက်နှာပေါ် လိုသလောက်တင်, 30-60sec လောက် massage လုပ်ပေးပြီး ရေဆေးချရုံပါပဲ။ ပြီးရင်တော့ နောက်ကနေ water based cleanser တခုလိုက်သုံးပေးပါ။

ဒီမှာ ❗တခုသိစေချင်တာက တချို့သော cleansing oil/balm တွေက ရေဆေးချပြီးလဲ အသားပေါ်မှာ oily residue အနည်းငယ်ကျန်တတ်လို့ ကိုယ်က cleansing oil/balm သုံးမယ်ဆိုရင် နောက်ကလိုက်မယ့် water based cleanser ကို အရမ်းတွေ soap free ဘာညာလုပ်လို့မရဘူး။ အမြုပ်တထောင်းထောင်းထပြီး super duper deep cleansing ဖြစ်ဖို့ထိတော့ မလိုပေမဲ့ proper cleansing လောက်တော့နိုင်တဲ့ gel type လောက်တော့ သုံးပေးသင့်ပါတယ်။

#crd
#skincarereview

image