Photos
Privacy · Terms · Advertising · Ad choices · Cookies · · Meta © 2025
Featured
Posts
Album စိတ်ခွန်အားဖြည့် 💪🏻
မြကြေးမုံ - စာအုပ်ဆိုင် added a new photo.
1h ·
မယိမ်းယိုင်ပါနဲ့ ။ စိတ်တွေဟာ တခြားကို အာရုံစိုက်လိုက်တာနဲ့ ပြိုကွဲ ယိမ်းယိုင်တော့တာပဲ ။ အခုခေတ်လို ပြိုင်ဆိုင်မှုတွေနဲ့ ရုန်းကန်မှုတွေ ပေါင်းစပ်ထားတဲ့ ခေတ်ကာလမှာ ပညာပြိုင်ရင်း ၊ ဥစ္စာပြိုင်ရင်း နောက်ဆုံး မိသားစုတောင် လူတွေက ပြိုင်ဆိုင်လာကြတယ် ။ အဲဒီအခါ လူ့စိတ်ဟာ တခြားလူတော့ ဘာလုပ်နေပြီ ၊ ဘယ်သွားနေပြီ ၊ ငါက အဲဒါ လိုက်မလုပ်လို့ ဖြစ်ပါ့မလား ၊ သူကတော့ အဲဒါလုပ်ရင်း အောင်မြင်နေပြီ ၊ ငါလည်း လိုက်လုပ်ကြည့်ရမလားဆိုပြီး ယိမ်းယိုင်မှုတွေ ဖြစ်တတ်ပါတယ် ။
အခုခေတ်လို အင်တာနက်ပေါ်မှာ အတုအယောင် အပေါ်ယံ တွေပဲ မြင်ရတဲ့အခါ တခြားသူရဲ့ အောင်မြင်မှု ၊ အဆင်ပြေမှုကို အားကျပြီး မိမိ တကယ်ဖြစ်ချင်တဲ့ ဘဝ ၊ မိမိသွားနေတဲ့ လမ်းကြောင်းကို သွေဖယ်ပြီး တခြားလူ သွားတဲ့လမ်းဆီကို မယိမ်းယိုင်ပါနဲ့ ။
လောကမှာ လမ်းများစွာ ရှိပါတယ် ။ သူလုပ်တဲ့ အလုပ်ကို ကိုယ်လုပ်တိုင်းလည်း ကိုယ်အောင်မြင်မှုရမှာ မသေချာသလို ကိုယ်လုပ်နေတဲ့ အလုပ်ကို တခြားတစ်ယောက်က လာလုပ်ရင်လည်း ကိုယ့်လောက် အောင်မြင်ချင်မှ အောင်မြင်မှာပါ ။ ဒါကြောင့် မိမိဖြစ်ချင်တဲ့ ဆန္ဒ ၊ သွားချင်တဲ့ လမ်းကိုသာ အာရုံစိုက်ပါ ။
#နေဗလ်
