2 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ငလျင်ဒဏ်ကြောင့် ဆက်သွယ်ရေးစခန်း ၆၇၃၀ ပျက်စီး
မတ် ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ဆက်သွယ်ရေးစခန်း ၆၇၃ဝ ပျက်စီး၍ ဆက်သွယ်ရေးပြတ်တောက်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဆက်သွယ်ရေးစခန်းပေါင်း ၂၆၃၂၂၇ ခုရှိ၍ ငလျင်ဒဏ်ကြောင့် ၆၇၃ဝ ပျက်စီးခဲ့ခြင်းဖြစ်ပြီး၎င်းပျက်စီးခဲ့သည့် ဆက်သွယ်ရေးစခန်းများကိုကျွမ်းကျင်ဝန်ထမ်း၊ အရန်စက်ပစ္စည်းများနှင့် ကြိုးပမ်းပြင်ဆင်မှုကြောင့် လက်ရှိတွင် ဆက်သွယ်ရေးစခန်း ၃၃ဝဝ ကို ပြင်ဆင်ထားပြီးဖြစ်ကြောင်းသိရသည်။
ထို့ပြင် ငလျင်ကြောင့် နေပြည်တော်တွင်ရှိသော E Learning Centre နှစ်ခုပျက်ဆီးခဲ့ပြီး National Server Security Centre ကအကြီးမားဆုံး ပျက်စီးမှုဖြစ်ခဲ့ကာ E Government Data Centre လည်းပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါပျက်စီးခဲ့သည့် အဆောက်အအုံများနှင့် ဆက်သွယ်ရေးစခန်းများကို အမြန်ဆုံးပြုပြင်ပြီး မကြာခင်တွင် သတင်းအချက်အလက်နှင့် ဆာဗာလုံခြုံရေးဆိုင်ရာလုပ်ငန်းများ ပုံမှန်လည်ပတ်သွားမည်ဖြစ်ကြောင်း သိရသည်။

image