Part-2
*စကားပြောဆိုရာတွင် လိုက်နာရမည် ပထမဥပဒေသ၊ နားထောင်ပါ
လေလှိုင်းပေါ်၌ တွေ့ဆုံမေးမြန်းမှု ပြုလုပ်သည့်အခါ ၎င်းတို့ကို ကျွန်တော်မေးမည့် မေးခွန်းများနှင့် ပတ်သက်၍ ကြိုတင်ပြီး မှတ်စုများထုတ် ထားသည်။ သို့သော် ၎င်းတို့ဖြေဆိုသည့်အထဲ၌ တစ်စုံတစ်ရာကို ကြားလိုက် သည့်အခါ မူလမေးခွန်းများအတိုင်း မမေးဘဲ မမျှော်လင့်သည့် မေးခွန်းတစ်ခု ကိုမေးသည်။ ထိုအခါ ထူးဆန်းအံ့ဩစရာကောင်းသော အဖြေများကိုရ သည်။
ဥပမာ - ဒုတိယသမ္မတ ဒန်ကွေးလ်ကို ၁၉၉၂ ခုနှစ် သမ္မတမဲဆွယ် စည်းရုံးပွဲ၌ ကျွန်တော် တွေ့ဆုံမေးမြန်းခဲ့သည်။ ကိုယ်ဝန်ဖျက်ချသည့် ဥပဒေ များကို ဆွေးနွေးသည်။ သူမ သမီးတက်နေသော ကျောင်းအနေဖြင့် သူ၏ ခွင့်ပြုချက်သော်လည်းကောင်း၊ သူ့အမေ၏ ခွင့်ပြုချက်သော်လည်းကောင်း ရမှ သူ့သမီး ကျောင်းပျက်ခွင့်ရမည်ဆိုသည်မှာ အဓိပ္ပာယ်မရှိ။ သို့သော် ကိုယ်ဝန်ဖျက်ချသည့်ကိစ္စနှင့် ပတ်သက်၍မူ ထိုသို့မဟုတ်ဟု ယူဆသည်။ ထိုအကြောင်းကိုပြောသည့်အခါ ကျွန်တော်က ကွေး၏ ထိုနိုင်ငံရေး အကြောင်းအရာပေါ်၌ ပုဂ္ဂိုလ်ရေးအမြင်ကို စူးစမ်းသည်။ အကယ်၍ သူမ၏ သမီးက ကိုယ်ဝန်ဖျက်ချတော့မည်ဟု ပြောလျှင် သူဘယ်လို သဘောထား မည်လဲဟု ကျွန်တော်က မေးလိုက်သည်။ သူက သူမ သဘောနှင့်သူမ ဘယ်လိုဆုံးဖြတ်ချက်ကိုချချ သူကသမီးကို ကူညီထောက်ပံ့မည်ဖြစ်ကြောင်း ပြောပြသည်။
ကွေး၏ အဖြေသည် သတင်းပင်ဖြစ်သည်။ ကိုယ်ဝန်ဖျက်ချသည့် ကိစ္စသည် ထိုသို့မဲဆွယ်စည်းရုံးနေစဉ်အခါက အကြိတ်အနယ် ဆွေးနွေးနေ သည့် အကြောင်းအရာတစ်ခုဖြစ်သည်။ သမ္မတဘုရှ်၏ ပြိုင်ဘက်ဖြစ်သော၊ ရိုးရာအစဉ်အလာ အလွန်ကြီးသော ရီပတ်ဗလစ်ကန် အမတ်တစ်ယောက်က သူ့ပါတီအနေဖြင့် ကိုယ်ဝန်ဖျက်ချသည့်ကိစ္စကို လုံးဝဆန့်ကျင်ပါလျက် အကယ်၍ သူမ၏သမီးက ကိုယ်ဝန်ဖျက်ချရန် ဆုံးဖြတ်ရာ၌ ထောက်ခံမည်၊ ကူညီမည်ဟု ရုတ်တရက်ပြောလိုက်ခြင်းမှာ ဧရာမသတင်းကြီးဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ သင်မည်သို့ပင် မြင်စေကာမူ အဓိကပြောလို သည့်အချက်မှာ ကွေးထံမှ ထိုအဖြေကိုရရှိခြင်းသည် သူ့ကိုမေးခွန်းတွေမပြတ်ထုတ်နေ၍ မဟုတ်ပေ၊ သူပြောသည်ကို နားထောင်၍ပင် သတင်းဖြစ် သင့်ဖြစ်ထိုက်သော အဖြေကို ရရှိခဲ့ခြင်းဖြစ်သည်။
၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် ရော့စ်ပီးရော့နှင့် တွေ့ဆုံ မေးမြန်းသည့်အခါ၌ သမ္မတအဖြစ် ယှဉ်ပြိုင်ရန် စိတ်မဝင်စားကြောင်း အကြိမ်ပေါင်းများစွာ ပြောပြသည်။ သူ၏ငြင်းပယ်မှုများသည် ပြည့်စုံမှုမရှိ သည်ကို ကြားသိနေရသည်။ သို့ဖြစ်၍ ကျွန်တော်က တွေ့ဆုံမေးမြန်းမှု၏ အပြီး၌ မေးခွန်းကို တစ်မျိုးတစ်ဖုံလှည့်၍ မေးသည့်အခါ ပီးရော့စ်က အကယ်၍ သူ့အား ထောက်ခံအားပေးသူများက ပြည်နယ် ၅၀ တွင် မဲဆန္ဒ ခံယူရန် အောင်မြင်စွာမှတ်ပုံတင်နိုင်ခဲ့လျှင် သူသည် သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဖြေခဲ့သည်။
#ဆက်ရန်ရှိ
